Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်အနီးရှိ ဒေသအများအပြားတွင် စစ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ရုပ်သိမ်း

အစ္စရေးနိုင်ငံတောင်ပိုင်း ဂါဇာကမ်းမြောင်ဒေသနယ်စပ်အနီး အစ္စရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

‌‌ဂျေရုဆလင်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်အနီးရှိ ဒေသအများအပြားတွင် စစ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ရုပ်သိမ်းလိုက်ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယခုဆောင်ရွက်ချက်သည် ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဟားမက်စ်တို့၏ တိုက်ခိုက်မှုအပြီး သိသာထင်ရှားသည့် ဆောက်ရွက်ချက်ဖြစ်သည်။
ယခုကန့်သတ်ချက်ရုပ်သိမ်းသည့် ဒေသများမှာ ဂါဇာဒေသနယ်စပ်မှ ခုနစ်ကီလိုမီတာ အတွင်းရှိသည့် ဒေသများပါဝင်သည်။

ယခုဆောင်ရွက်ချက်ကို အစ္စရေးကာကွယ်ရေး ဝန်ကြီး Yoav Gallant နှင့် စစ်ဦးစီးချုပ် Herzi Halevi တို့၏ သုံးသပ်မှုများအပြီးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဂါဇာဒေသအနီးရှိဒေသများအတွင်း လက်ရှိအချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်း၊ လူစုလူဝေးများစုဝေးခွင့်ပြုခြင်းနှင့် ပညာသင်ကြားခြင်းအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရှစ်လကျော်ကြာြမင့်ခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသတွင် ဒေသခံများ သေဆုံးခဲ့ပြီး အခြေခံအဆောက်အအုံများပျက်စီးခဲ့သည်။ (Xinhua)
……………………
(English Version)
Israel eases security restrictions near Gaza
JERUSALEM, June 19 (Xinhua) — Israel’s Home Front Command announced on Wednesday the lifting of security restrictions in numerous communities near the Gaza Strip, marking a significant easing of measures since Hamas’ attack on Oct. 7, 2023.
The new guidelines, applicable to the “Gaza Envelope” area extending up to 7 km from the Gaza border.
According to a statement from the military, the decision follows a comprehensive assessment by Defense Minister Yoav Gallant and Chief of the General Staff Herzi Halevi.
Under these revised directives, outdoor educational activities can resume without constraints, gatherings of up to 1,000 people are permitted, and workplaces and essential economic activities can proceed unrestricted.
The move comes after an eight-and-a-half-month conflict between Israel and Hamas, during which Israeli operations resulted in extensive infrastructure damage and loss of life in Gaza, primarily among civilians. Israeli authorities assert significant dismantling of Hamas’ militant infrastructure during the conflict.
Israeli troops are seen near the border with Gaza strip, in southern Israel, on Jan. 18, 2024. Photo by Gil Cohen Magen/Xinhua)