Connect with us

Africa & Middle East

ဟားမက်စ်အကြီးတန်း လက်နက်ကျွမ်းကျင်သူကို အစ္စရေးတပ်မတော် ရှင်းလင်း

အစ္စရေးနိုင်ငံ မြောက်ပိုင်း Kiryat Shmona မြို့၌ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း အစ္စရေးစစ်သားများအား ၂၀၂၄ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ်(Ayal Margolin/JINI via Xinhua)

ဂျေရုဆလင်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်လက်နက်ကျွမ်းကျင်သူတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီး ရာဖာမြို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း အစ္စရေးတပ်မတော်က ဇွန် ၂၄ ရက်တွင် ပြောကြားသည်။
ဟားမက်စ်လက်နက်ထုတ်လုပ်ရေးဌာနချုပ်ရှိ စီမံကိန်းနှင့် ဖွံ့ဖြိုး ရေးတာဝန်ခံ မိုဟာမက်ဆာလာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ရှင်းလင်းခဲ့ကြောင်း၊ ဆာလာသည် ဗျူဟာမြောက်လက်နက် ထုတ်လုပ် ရေးစီမံကိန်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လက်နက်ထုတ်လုပ်ရေး လုပ်ဆောင်နေသည့် တပ်အများအပြားကို ကြီးကြပ်ကွပ်ကဲသူဖြစ်ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့များ သည် ရာဖာဒေသတွင် ထောက်လှမ်းရေး အခြေပြုပစ်မှတ်ထားသော စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေပြီး ဂါဇာအလယ်ပိုင်းတွင်လည်း စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Israel’s army says kills senior Hamas weapons expert
JERUSALEM, June 24 (Xinhua) — Israel’s military said on Monday that it killed a senior Hamas weapons expert in the Gaza Strip and it was continuing its offensive in Rafah city.
In an update, the military said that an aircraft killed Muhammad Salah, identified as being in charge of projects and development in Hamas’ Weapons Manufacturing Headquarters. “Salah was part of a project to develop strategic weaponry” and commanded several squads that worked on developing weapons, according to the military.
The military also said that troops were “continuing intelligence-based, targeted operations in the Rafah area.” It said that operations were continuing also in central Gaza.
Israeli reserve soldiers take part in a military drill in Kiryat Shmona, northern Israel, on June 18, 2024. (Ayal Margolin/JINI via Xinhua)