Connect with us

Asia

လာအိုအစိုးရက နိုင်ငံ့ခရီးသွားလုပ်ငန်းမြှင့်တင်ရန် တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ချမှတ်ရန်စီစဉ်

လာအိုနိုင်ငံ ဗီယင်ကျန်းပြည်နယ်ရှိ Patuxay အထိမ်းအမှတ်အဆောက်အအုံရှေ့တွင် ဓာတ်ပုံရိုက်ကူးနေကြသည့် တရုတ်ခရီးသွားများအား ၂၀၂၄ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

လာအိုအစိုးရသည် လာအိုနိုင်ငံ ခရီးသွားနှစ် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် နိုင်ငံ့ခရီးသွား လုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မူဝါဒသည် ခရီးသွားအေဂျင်စီများနှင့်အတူ လိုက်ပါလာသည့် တရုတ်ခရီးသွားများကို အဓိကထား ရည်ရွယ်ခြင်းဖြစ်ကြောင်း လာအို ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒါရာနီ ဖိုမာဗောင်ဆာ၏ ပြောကြားချက်ကိုကိုးကား၍လာအိုသတင်းအေဂျင်စီ က ဇွန် ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ထို့ပြင် လာအိုအစိုးရသည် နိုင်ငံတကာခရီးသွား ဧည့်သည်များကို နိုင်ငံအတွင်း နေထိုင်ခွင့် ရက်ပေါင်း ၃၀ မှ ၆၀ အထိ တိုးမြှင့်ပေးရန်လည်း စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ခရီးသွားဧည့်သည်များအတွက် ခရီးသွားလာမှုအတွေ့အကြုံကို ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် လာအိုအစိုးရက ဖြတ်သန်းသွားလာနိုင်သော နေရာများတွင် လမ်းအခြေခံအဆောက်အအုံများမြှင့်တင်ကာ လူသိများထင်ရှားသော နေရာများသို့ ဝင်ရောက်နိုင်သည့်လမ်းများ ပိုမိုကောင်းမွန်လာစေရန် အဆင့်မြှင့်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။
တရုတ်-လာအို မီးရထားလမ်းတစ်လျှောက် ခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းများနှင့်အညီဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဖြတ်သန်းလမ်းကြောင်းတစ်လျှောက် လူသိများသော နေရာများကို လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ရန်အပါအဝင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း လာအိုပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။ (Xinhua)

………………………………………
(English Version)
Laos plans to offer visa exemption for Chinese visitors
VIENTIANE, June 25 (Xinhua) — The Lao government is set to introduce a visa-free policy for Chinese visitors to promote tourism in the second half of Visit Laos Year 2024.
The policy will focus on Chinese travelers accompanied by travel agents, Lao News Agency reported Tuesday, quoting Lao Deputy Minister of Information, Culture and Tourism Darany Phommavongsa.
The Lao government is also planning to offer multiple-entry visas and extend the duration of stay for more international visitors from 30 days to 60 days.
To further facilitate the travel experience for tourists, the Lao government is enhancing road infrastructure in transit areas and improving access roads to popular attractions, Darany told media.
The Lao Ministry of Information, Culture and Tourism has been working with provincial authorities and tourism stakeholders along the China-Laos Railway to improve tourist attractions to meet tourism standards and install directional signs of well-known places along the transit routes.
The ministry is also working with private investors to explore and develop more tourist attractions and facilities to accommodate visitors. ■

Chinese tourists take photos in front of the Patuxay monument in Vientiane, Laos, May 1, 2024. (Photo by Kaikeo Saiyasane/Xinhua)