Connect with us

Africa & Middle East

အီရန်နိုင်ငံတွင် ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ဆန္ဒမဲမဲပေးမှုစတင်

အီရန်နိုင်ငံ တီဟီရန်မြို့တွင် လွှတ်တော်ဥက္ကဋ္ဌ Mohammad Baqer Qalibaf ကို ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ သမ္မတ အီဘရာဟင်ရိုင်စင် ယခင်က ရဟတ်ယာဉ်ပျက်ကျကာ ကွယ်လွန်ခဲ့ပြီးနောက် ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီက စတင်ခဲ့သည်။
အီရန်နိုင်ငံ၏ ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ စတင်လိုက်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အာမတ် ဗာဟီဒီက ရုပ်သံမိန့်ခွန်း၌ ပြောကြားခဲ့သည်။ အီရန်နိုင်ငံ အကြီးအကဲ အလီခါမေနီက ပထမဆုံး ဆန္ဒမဲကို မဲရုံတစ်ခုတွင် ထည့်ခဲ့ပြီး အီရန်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ၌ စည်းလုံးညီညွတ်ကြရန် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ အီရန်နိုင်ငံ၏ ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ကနဦးက ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကာ သမ္မတ ရိုင်စီ ရုတ်တရက်သေဆုံးပြီးနောက် ပြန်လည်ပြင်ဆင်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Voting starts for Iran’s 14th presidential election
TEHRAN, June 28 (Xinhua) — Voting for Iran’s 14th presidential election started at 8 a.m. (0430 GMT) on Friday, after President Ebrahim Raisi died in a helicopter crash last month.
“We start the elections” for the country’s 14th presidential elections, Interior Minister Ahmad Vahidi said in a televised address. Iran’s Supreme Leader Ali Khamenei cast the first ballot at a polling station, and made a brief speech calling for the unity of the Iranian people during the election.
Iran’s 14th presidential election, initially set for 2025, was rescheduled following Raisi’s unexpected death.
Photo: Iran’s Parliament Speaker Mohammad Baqer Qalibaf is seen in Tehran, Iran, June 3, 2024. (Xinhua/Shadati)