Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်၊ လူ ၁၂ ဦးသေဆုံး

ဆီးရီးယားနိုင်ငံ ဂလက်ပိုမြို့ရှိ သမိုင်းဝင်ခံတပ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဇွန် ၃ ရက်က သန်းခေါင်ကျော်နောက်ပိုင်းတွင် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အီရန်လိုလားသော ပြည်သူ့စစ် ၁၂ ဦး သေဆုံးကြောင်း ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ဆီးရီးယားနှင့် ဆီးရီးယားမဟုတ်သော နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့် အဆိုပါပြည်သူ့ စစ်အဖွဲ့သည် အလက်ပိုမြို့ ဝန်းကျင်တွင် သိသိသာသာ လှုပ်ရှားလျက်ရှိကြောင်း ၎င်းအဖွဲ့ကပြောသည်။ အဆိုပါ တိုက်ခိုက်မှုများမှာ အဓိကအားဖြင့် အလက်ပိုမြို့ အနောက်မြောက်ဘက် ဟေယန်မြို့ အလက်ပိုကျေးလက်ဒေသရှိ နေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြို့အနှံ့ ပေါက်ကွဲသံများ ကြားရကြောင်း၊ လွန်ခဲ့သည့်လနောက်ပိုင်း ဆီးရီးယားတွင် လက်ဘနွန်ဟစ်ဇ်ဘိုလာနှင့် အီရန်ပြည်သူ့စစ်များ ထိန်းချုပ်ထားသော နေရာများကို အစ္စရေး၏ တိုက်ခိုက်မှုမြှင့်တင်ခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်ရေးအဖွဲ့က မှတ်ချက်ပြုပြောသည်။
ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း အလက်ပိုအနီး နေရာအများအပြားကို ပစ်မှတ်ထားကာ အစ္စရေး၏ ရန်လိုသော တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ (Xinhua)

…………………………..
(English Version)

Israeli strikes kill 12 in Syria’s Aleppo

DAMASCUS, June 3 (Xinhua) — Israeli airstrikes after midnight Monday killed 12 pro-Iranian militias in Syria’s northern province of Aleppo, the Syrian Observatory for Human Rights said.
The militias, consisting of Syrian and non-Syrian nationals, have a significant presence in the area surrounding the city of Aleppo, it said.
The attack hit several sites in the countryside of Aleppo, mainly in the town of Hayyan northwest of Aleppo. Several explosions were heard across the city.
The observatory noted that the attack comes as part of an escalation of Israeli attacks on positions held by the Lebanese Hezbollah and Iranian militias in Syria since last month.
Meanwhile, the Syrian Defense Ministry confirmed that several individuals were killed in the Israeli aggression targeting points near Aleppo.

This photo taken on Jan. 26, 2024 shows a view seen from the historic citadel of Aleppo in Syria. Photo by Hummam Sheikh Ali/Xinhua)