Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး ၈၇,၀၀၀ ကျော်ရေဘေးသင့်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ပြင်ပတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေလျှံနေသော လမ်းပေါ်ဖြတ်သန်းသွားလာသူများကို ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇွန် ၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ မကြာသေးမီက ရေကြီးရေလျှံမှုအတွင်း လူ ၁၂ ဦး သေဆုံးပြီး အခြား ၈၇,၀၀၀ ကျော်ရေဘေးသင့်မှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၃ ရက်တွင် ကာကွယ်ရေးဝန်ကြီး တန်နာခွန်းက ပြောသည်။
မြို့တော် ကိုလံဘိုအပါအဝင် အနောက်ပိုင်း၊ ဆာဘရာဂါမူဝါနှင့် တောင်ပိုင်း ပြည်နယ်တို့သည် ရေဘေးသင့်မှု အဆိုးရွားဆုံးခံရသော ပြည်နယ်များဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် စုစုပေါင်း ၁၂ ဦး သေဆုံးပြီး ငါးဦးပျောက်ဆုံးနေကြောင်း ၎င်းကဆက်ပြောသည်။

လတ်တလောတွင် ပြောင်းရွှေ့ရေးနှင့် ကယ်ဆယ်ရေးစင်တာ ၁၁၉ ခုရှိပြီး ရေကြီးရေလျှံမှု ဒဏ်သင့်သောပြည်သူ ၂၃၇၀၀ ကျော် ခိုလှုံလျက်ရှိကြောင်းသိရသည်။ အနောက်ပိုင်း ဆာဘရာဂါမူဝါ၊ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်း ပြည်နယ်များတွင် တစ်ခါတစ်ရံ မိုးထစ်ချုန်း ရွာသွန်းနိုင်ဖွယ်ရှိကြောင်း မိုးလေဝသဌာနက ဇွန် ၃ ရက်တွင်ပြောသည်။
သီရိလင်္ကာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုစင်တာ (ဒီအမ်စီ)က နိုင်ငံတစ်ဝန်းတွင် ဇွန် ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ကိုလံဘိုမြို့ ဆင်ခြေဖုံးနှင့်အခြားဒေသ အများအပြားကို ရေကြီးရေလျှံမှု သတိပေးချက်ထုတ်ပြန်ခဲ့သည်။ဇွန် ၂ ရက်အစောပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုလံဘိုမြို့ဆင်ခြေဖုံးရှိ အဓိက ကီလာနီမြစ်နှင့် နိုင်ငံတောင်ပိုင်း ဂျင်မြစ်တို့၏ ရေမျက်နှာပြင်မှာ မြစ်ရေလျှံမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆည်မြောင်းဌာနကပြောသည်။ (Xinhua)

………………………
(English Version)
12 killed, over 87,000 affected by floods in Sri Lanka
COLOMBO, June 3 (Xinhua) — Sri Lanka’s State Minister of Defense Premitha Bandara Tennakoon said Monday that 12 people have been killed and over 87,000 people affected by the recent floods in the South Asian country.
The official told a press conference that Colombo, Gampaha, Kalutara, Ratnapura, Kegalle, Galle and Matara districts in Western, Sabaragamuwa and Southern provinces are the most affected.
A total of 12 deaths have been reported, including four in Matara, five in Ratnapura, and three in Colombo, Tennakoon said, adding that five people are reported missing.
There are 119 evacuation and relief centers currently housing over 23,700 people affected by floods, he said.
The Department of Meteorology said on Monday that showers or thundershowers will occur at times in Western, Sabaragamuwa, Central, Southern and North Western provinces. ■
Residents wade through a flooded street after heavy rains on the outskirts of Colombo, Sri Lanka, on June 3, 2024. (Photo by Ajith Perera/Xinhua)