Connect with us

Sino-Myanmar

တရုတ်နိုင်ငံက ကူညီလှူဒါန်းသော ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများက မြန်မာကျောင်းသား/ကျောင်းသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေး

မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ရှိ အမှတ် ၁၄ ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန် ၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် လှူဒါန်းပွဲမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် စားနပ်ရိက္ခာထုပ်များကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမှတ် ၁၄၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို လှူဒါန်းခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း အသက် ၁၄ နှစ်အရွယ် ကျောင်းသူ မဖြိုးသီရီခေတ်က ဆိုသည်။

“ဒီလှူဒါန်းမှုက သမီးတို့ရဲ့ ပညာရေးအတွက်လိုအပ်တာတွေကို ဖြည့်ဆည်းပေးပါတယ်။ ပညာသင်ကြားရေးအတွက် ကျောင်းသုံးပစ္စည်းတွေ ကူညီလှူဒါန်းပေးတဲ့အတွက် ဝယ်စရာမလိုတော့ပါဘူး” မဖြိုးသီရိခေတ်က ပြောခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယခုလို လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၁၃ နှစ်အရွယ် မောင်အောင်မြင့်မြတ်က “ကျောင်းသား/ကျောင်းသူတွေကို အခုလို လက်ဆောင်တွေပေးတဲ့အတွက် ကျောင်းသား/ကျောင်းသူတွေ ကျောင်းကိုပိုပြီးတက်ဖြစ်ကြမှာပါ။ ကျွန်တော်တို့ ပညာသင်ကြားရေးမှာ အမှန်တကယ် အထောက်အကူဖြစ်စေပါတယ်။ ဒီလိုပွဲမျိုးတွေ လုပ်ပေးခြင်းအားဖြင့် ကျောင်းသားတွေအတွက် ပျော်ရွှင်ရပြီး ကျောင်းတက်ဖို့ တွန်းအားဖြစ်စေတယ်” ဟု ပြောခဲ့သည်။
Grade 6 ကျောင်းသူတစ်ဦးဖြစ်သော အသက် ၁၃ နှစ်အရွယ် မဂျူးသိမ့်နဒီကလည်း တရုတ်နိုင်ငံက ထမင်း၊ ခဲတံ၊ လွယ်အိတ်နှင့် အခြားပစ္စည်းများစွာ လှူဒါန်းခဲ့ကြောင်း၊ မိမိတို့ လိုအပ်သောအရာများကို လှူဒါန်းခဲ့သည့်အတွက် အမှန်တကယ်အထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၄ နှစ်မြောက်အထိမ်းအမှတ် လှူဒါန်းပွဲတွင် စားနပ်ရိက္ခာထုပ်များ၊ ရောင်စုံခဲတံ၊ လွယ်အိတ်များ၊ ခဲတံများ၊ ခဲဖျက်များ၊ ဘောလ်ပင်များ အပါအဝင် ပညာရေးအထောက်အကူပြုပစ္စည်းများစွာ ပါဝင်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ်၍ ထိုသို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းကို တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရန်နေရာ ပံ့ပိုးပေးခြင်းအတွက် လွန်စွာကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံက ပညာသင်ဆုများ၊ အားကစားပစ္စည်းများကိုလည်း ကူညီလှူဒါန်းကာ မိမိတို့၏ ကျောင်းသား/ကျောင်းသူများအတွက် ထပ်မံပံ့ပိုးကူညီခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုက ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
China-aided educational materials meet Myanmar students’ needs
YANGON, June 6 (Xinhua) — Phyo Thiri Khit, 14, expressed her gratitude to China on Thursday, after the Chinese Embassy in Myanmar donated educational materials and food to students at No. 14 Basic Education High School in Hlaingtharya Township in Yangon.
“This donation fulfills our educational needs. The school supplies provided impact our studying as we don’t need to buy them. I really appreciate China for supporting us,” Phyo Thiri Khit said.
In collaboration with the China Foundation for Rural Development, the donation commemorated the 74th anniversary of diplomatic relations between Myanmar and China.
Aung Myint Myat, 13, said, “By giving such gifts to students, more students will come to school. It really helps with our studies. Holding such events makes students happy and encourages them to attend school.”
Jue Theint Nadi, 13, a Grade 6 student, said, “China donated so many items, including rice, pencils, and backpacks. They provided what we need, and it really helps us. I can’t describe my happiness for their generosity.”
The donated items included rice packs, various types of paint, backpacks, pencils, erasers, pens, among many other supplies. These donations were aimed at supporting the educational needs of the students.
Daw Cho Cho, principal of the school, highlighted the impact of the donations, saying, “The donation of food and educational materials, especially to those who cannot afford them, provides comfort to their families. There are many students who cannot afford quality supplies, and they are very happy with what China has donated.”
“China built the school building, which benefits us greatly as it provides a space for our students. They also provide scholarships and sports equipment, which further supports our students,” said Daw Cho Cho, principal of the school.