Connect with us

Asia

ခေတ်ပြိုင်အနုပညာပြတိုက် လာအိုမြို့တော် ဗီယင်ကျန်း၌ တည်ဆောက်လျက်ရှိ

လာအိုနိုင်ငံရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ လာအိုနိုင်ငံ လွမ်ပရာဘန်မြို့သို့ လာရောက်လည်ပတ်သူများကို ၂၀၂၂ ခုနှစ်ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ပြည်တွင်းနှင့် ပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ် ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်လာရန် လာအိုနိုင်ငံ၌ အကြီးဆုံး ပြတိုက်တစ်ခုကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြတိုက်တွင် ရှားပါးသစ်သားထွက်ကုန်များ၊ အနုပညာလက်ရာများနှင့် ရှေးဟောင်းပစ္စည်း ၁၀,၀၀၀ တို့ကို ပြသသွားမည် ဖြစ်သည်။
ဗီယင်ကျန်း ခေတ်ပြိုင်အနုပညာပြတိုက်ကို လာအိုမြို့တော်၏ အရေးပါသော ခရီးသွားနေရာတစ်ခု ဖြစ်လာစေရန် မျှော်လင့်လျက်ရှိပြီး ယခုနှစ်အတွင်း ပြီးစီးရန် မျှော်မှန်းထားကြောင်း လာအိုအမျိုးသား ရေဒီယိုက ဇွန် ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
ဗီယင်ကျင်း ခေတ်ပြိုင်အနုပညာပြတိုက်သည် ဗီယင်ကျန်းမြို့ရှိ သောသနီခရိုင်တွင် တည်ရှိသည်။ အဆိုပါ စီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ပြတိုက်သည် ဧရိယာ ၈၀ ဟက်တာ ကျယ်ဝန်းမည်ဖြစ်ပြီး ယဉ်ကျေးမှု၊ အနုပညာနှင့် သဘာဝခရီးသွား အရင်းအမြစ်များကို လာရောက်ကြည့်ရှုသူများ တွေ့မြင်နိုင်မည်ဖြစ်သည်။
ဧည့်ခံပွဲများနှင့် ပွဲတော်များကို လက်ခံကျင်းပနိုင်သည့် အနုပညာ နှင့် ယဉ်ကျေးမှုပြပွဲ အဆောက်အအုံ၊ ရှုခင်းကြည့်ခန်းမ၊ ဘက်စုံသုံး အဆောက်အအုံနှင့် ပန်းပုနှင့် ပန်းချီများကို ပြသသည့် အဆောက်အအုံတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Laos to build new museum to boost tourism
VIENTIANE, June 30 (Xinhua) — Laos is building the largest museum in the country, which will bring together 10,000 rare wood products, artworks, and ancient artifacts, which is expected to become an interesting tourist attraction for both domestic and foreign tourists.
The construction of the Vientiane Museum of Contemporary Arts is expected to be finished in 2024, with the hope that it will become a new and important tourist spot in the Lao capital, Lao National Radio reported on Sunday.
The Vientiane Museum of Contemporary Arts is located in Xaythany district in Vientiane. The construction started in 2021 and the project has a budget of more than 50 million U.S. dollars.
The museum will cover an area of 80 hectares to create a cultural, artistic, and natural tourism resource.
It will include a building presenting information about the entire complex, a reception building, an art and culture exhibition building that can host festivals, a sightseeing hall, a multi-purpose building, and a building to display wood carvings and paintings. ■
Tourists visit the town of Luang Prabang, a UNESCO world heritage site in Laos, July 15, 2022. (Photo by Kaikeo Saiyasane/Xinhua)