Connect with us

Asia

နီပေါနိုင်ငံတွင် မြေပြိုမှုကြောင့် လူ ၁၂ ဦး သေဆုံး၊ ၆၅ ဦး ပျောက်ဆုံးလျက်ရှိ

ခတ္တမန္ဒူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံတွင် ဇူလိုင် ၁၁ ရက် ညပိုင်းနှင့် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက သီးခြားစီဖြစ်ပွားခဲ့သော မြေပြိုကျမှုများ၌ ဘတ်စ်ကားများ ပါသွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး အခြားသူ ၆၅ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဇူလိုင် ၁၁ ရက် ညပိုင်းက Kaski ခရိုင် Pokhara တွင် မြေပြိုကျမှုကြောင့် မိသားစုတစ်စုတည်းမှ မိသားစုဝင် ၇ ဦးနှင့် အခြားသူ ၃ ဦး၊ ယင်းခရိုင်ရှိ Madi Rural မြို့ရှိ နောက်ထပ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း Kaski ခရိုင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Basant Kumar Sharma က ပြောခဲ့သည်။
“ဒီခရိုင်ထဲက သေဆုံးသူ ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပါတယ်” ဟု Sharma က ဆင်ဟွာကို ပြောသည်။
ထို့ပြင် ခတ္တမန္ဒူမြို့ကို အခြားမြို့များနှင့် ချိတ်ဆက်ထားသော အဝေးပြေးလမ်း၏ Mugling-Narayanghat လမ်းပေါ်ရှိ Chitwan ခရိုင်တွင် ဘတ်စ်ကားနှစ်စီး မြေပြိုကျမှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ခရီးသည် ၆၅ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
12 killed, 65 missing in Nepal’s landslides
KATHMANDU, July 12 (Xinhua) — Twelve people were killed and 65 others went missing after their buses were swept away by landslides in separate incidents on Thursday night and Friday morning, local police said.
On Thursday night, seven members of one family and three others died in landslides in Pokhara of Kaski district, while another person lost her life in Madi Rural Municipality of the district, said Basant Kumar Sharma, spokesperson for the district police.
“We have recovered 11 dead bodies from three places in the district,” Sharma told Xinhua.
Meanwhile, 65 passengers went missing after two buses were swept away by landslides in Chitwan district on the Mugling-Narayanghat stretch of a highway that connects Kathmandu with the rest of the country.