Connect with us

Asia

သီရိလင်္ကာ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၂ ဦးရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ လူနေရပ်ကွက်ရှိ မွေးမြူရေးခြံတွင် ခြင်အန္တရာယ်ကာကွယ်ရေး ခြင်ဆေးဖျန်းနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
အမျိုးသားသွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးယူနစ်မှ ဇူလိုင် ၁၃ ရက်က ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ ယခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။
ယခုနှစ် အစပိုင်းမှစတင်၍ ရောဂါဖြစ်ပွားသူ ၃၀,၀၅၇ ဦးရှိပြီး ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ၎င်းတို့အနက်မှ ဇူလိုင်လတစ်လတည်းတွင် ရောဂါကူးစက်ဖြစ်ပွားသူ ၁,၈၁၈ ဦးရှိကြောင်း အမျိုးသားသွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးယူနစ်က ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
Over 30,000 dengue cases, 12 fatalities reported in Sri Lanka this year
COLOMBO, July 14 (Xinhua) — Over 30,000 dengue cases have been reported in Sri Lanka so far this year, according to the latest update released by the National Dengue Control Unit (NDCU) on Saturday.
The NDCU said 30,057 cases have been reported since the beginning of this year, with 12 fatalities. Of them, 1,818 cases were reported in July.
A health worker sprays insecticide to prevent mosquitoes from breeding in a residential area in Colombo, Sri Lanka, Jan. 4, 2024. (Photo by Gayan Sameera/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.