Asia
နီပေါဝန်ကြီးချုပ်သစ်အဖြစ် နီပေါကွန်မြူနစ်ပါတီခေါင်းဆောင် အိုလီ ကျမ်းသစ္စာကျိန်ဆို
ခတ္တမန္ဒူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
နီပေါကွန်မြူနစ်ပါတီဥက္ကဋ္ဌ ကေပီရှာမာအိုလီသည် နီပေါနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင် ၁၅ ရက်က သမ္မတအိမ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။
အသက် ၇၂ နှစ်အရွယ် အိုလီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို သမ္မတ ရမ်ချန်ဒရာပူဒယ်အမှူးပြု၍ ကျင်းပခဲ့ပြီး ယခုအကြိမ်သည် အိုလီ၏ လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ကို ရယူခဲ့ခြင်းလည်းဖြစ်သည်။
ဝန်ကြီးချုပ် အိုလီနှင့်အတူ ဝန်ကြီး ၂၁ ဦးတို့လည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သမ္မတ၏ အကြံပေးပုဂ္ဂိုလ်ကီ ရန်ပေါ့ခ်ဟာရယ်က ပြောကြားသည်။
အစိုးရအဖွဲ့တွင် နီပေါ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရှားဗဟာဒူရ် ဒူးဘား၏ဇနီး အာဇုရာနာဒူးဘားက နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။
အိုလီသည် ဇူလိုင် ၁ ရက်ညတွင် နီပေါကွန်ဂရက်ပါတီနှင့် သဘောတူညီချက်အရ လေးပါတီညွန့်ပေါင်းအစိုးရ၏ အကြီးအကဲဖြစ်လာခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင် နီပေါဝန်ကြီးချုပ်သစ်အဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။
အောက်လွှတ်တော်ရှိ အင်အားကြီးပါတီများဖြစ်သည့် နီပေါကွန်ဂရတ်ပါတီနှင့် နီပေါကွန်မြူနစ်ပါတီတို့သည် လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၂၇ ခုနှစ်အထိ အလှည့်ကျ ဝန်ကြီးချုပ်ရာထူးကို ရယူရန်သဘောတူညီခဲ့ကြသည်။ (Xinhua)
………………………
(English Version)
Oli sworn in as Nepal’s new PM
KATHMANDU, July 15 (Xinhua) — KP Sharma Oli, chairman of the Communist Party of Nepal (Unified Marxist Leninist)(CPN-UML), was sworn in on Monday as Nepal’s new prime minister.
President Ram Chandra Poudel administered the oath of office to 72-year-old Oli. This is the fourth time for him to assume the premiership.
“The president administered the oath to Prime Minister KP Sharma Oli along with 21 ministers,” Kiran Pokharel, press advisor to the president, told Xinhua.
Arzu Rana Deuba, wife of Nepali Congress party President and former Prime Minister Sher Bahadur Deuba, becomes the foreign minister.
Oli becomes the head of a four-party coalition government under a deal reached with the Nepali Congress party on the night of July 1.Oli was named the prime minister on Sunday evening.
As the largest parties in the lower house, the Nepali Congress party and the CPN-UML have agreed to take the premiership in turn until the next general election in 2027.
No single party won a majority of seats in the lower house in the general election held in November 2022 in the South Asian country. ■
Nepal’s President Ram Chandra Poudel (2nd L) administers the oath to Prime Minister KP Sharma Oli along with 21 ministers in Kathmandu, capital of Nepal, July 15, 2024. (Photo by Sulav Shrestha/Xinhua)