Connect with us

China

ပေကျင်းမှ ဥရောပသို့ ပုံမှန်ကုန်တင်ရထားဝန်ဆောင်မှု စတင်

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၊ Pinggu ခရိုင်ရှိ ထောက်ပံ့သယ်ပို့အချက်အချာနေရာမှ မော်စကိုမြို့သို့ ထွက်ခွာလာသော တရုတ်-ဥရောပ ကုန်တင်ရထားကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှ ရုရှားနိုင်ငံ မြို့တော် မော်စကိုသို့ ဇူလိုင် ၁ ရက်က ထွက်ခွာလာခဲ့ခြင်းဖြင့် တရုတ်-ဥရောပ ပုံမှန်ကုန်တင်ရထားဝန်ဆောင်မှုကို စတင်လိုက်သည်။
ဆောက်လုပ်ရေးပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်အသုံးအဆောင်များ၊ အဝတ်အထည်နှင့် အခြားကုန်စည်များ တင်ဆောင်ထားသော ထိုကုန်တင်ရထားသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ထောက်ပံ့သယ်ပို့အချက်အချာနေရာ Pinggu ခရိုင်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ပေကျင်းမြို့က ပထမဆုံး ဝန်ဆောင်မှု စမ်းသပ်ရထားကို မတ်လ၌ ပြေးဆွဲခဲ့ကြောင်း၊ ပြင်ဆင်မှုများနှင့် အဆင့်မြှင့်တင်မှုများလည်း ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဝန်ဆောင်မှုကို ဇူလိုင် ၁ ရက်မှစ၍ တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Beijing launches regular freight-train service to Europe
BEIJING, July 1 (Xinhua) — A cargo train left Beijing for the Russian capital Moscow on Monday, marking the launch of a regular China-Europe freight-train service from the Chinese capital.
The freight train carrying construction materials, household electrical appliances, clothing and other goods departed from the logistics hub of Pinggu District in the northeast of the city.
Beijing launched the first trial train last March. More preparations and improvements have since been made. Starting from Monday, the service will run at least once a month.
Photo 1, 2: In this photo taken by a mobile phone, a China-Europe freight train heading for Moscow departs from the logistics hub in Pinggu District of Beijing, capital of China, July 1, 2024. (Xinhua/Zhao Xu)