Connect with us

Asia

တိုင်ဖွန်း ဂေမီနှင့်အတူ အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်တွင် လူရှစ်ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်မြို့ရှိ ယာယီရွှေ့ပြောင်းနေရာအတွင်း ရေဘေးရှောင် ဒေသခံများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာနှင့် မြောက်ပိုင်း ပြည်နယ်များတွင် တိုင်ဖွန်းမုန်တိုင်း ဂေမီနှင့်အတူ အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုကြောင့် ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ရာ မြို့တော်မနီလာနှင့် အနီးတစ်ဝိုက်ကို ကပ်ဘေးအခြေအနေတစ်ရပ်အဖြစ် ကြေညာခဲ့ရသည်။
တိုင်ဖွန်းမုန်တိုင်းကြောင့် လူဦးရေ ၁၃ သန်းခန့် နေထိုင်ပြီး မြို့နယ် ၁၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် မြို့တော်မနီလာဒေသ၌ အစိုးရရုံးအများစုနှင့် ကျောင်းအားလုံးကို ခေတ္တပိတ်ထားရန် သမ္မတရုံးက ညွှန်ကြားထားသည်။
တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ယခုချိန်အထိ လူရှစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ကယ်ဆယ်ရေးသမားများသည် ရေကြီးမှုကြောင့် နေအိမ်များတွင် ပိတ်မိနေသော ဒေသခံများကို ကယ်တင်ရန် လှေများကို အသုံးပြုကြရသည်။
ရေကြီးမှုကြောင့် တချို့ဒေသများတွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ရာသီဥတုဆိုးရွားမှုကြောင့် လူဇုန်ကျွန်းရှိ လေယာဉ်ကွင်းများကိုလည်း ပိတ်ထားရသည်။ ရေကြီးမှုကြောင့် နီနိုင်အကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ် ဂိတ် ၄ ကို ပိတ်ထားရသည်။ (Xinhua)


………………………..
(English Version)
Typhoon buffets Philippines, killing at least 8

MANILA, July 24 (Xinhua) — The Metro Manila Council has officially declared a state of calamity in National Capital Region on Wednesday, as rains from the enhanced southwest monsoon brought by Typhoon Gaemi caused flooding in various parts of the Philippine capital.
The widespread flooding, seven feet deep in some areas, forced the government to evacuate people near Manila Bay and rivers to safety and close schools and offices.
The flooding also caused power outages in some areas.
The Civil Aviation Authority of the Philippines said several airports in Luzon have suspended operations due to bad weather. The Ninoy Aquino International Airport Terminal 4 is closed and inaccessible due to flooding.
The Philippines’ state weather bureau, PAGASA, said Gaemi will continue to dump rain on Wednesday, and “flooding and rain-induced landslides are possible.”
An average of 20 typhoons lash the Philippines yearly. ■
Residents take shelter from flood inside an evacuation center in Quezon City, the Philippines, on July 24, 2024.(Xinhua/Rouelle Umali)