Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ ရထားစက်ခေါင်းများအား စားအုန်းဆီ ၄၀ ရာခိုင်နှုန်းပါဝင်သည့် ဇီဝလောင်စာဖြင့် ပထမဆုံး စမ်းသပ်ပြေးဆွဲမည်

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒန်မြို့ရှိ ဘန်ဒန်ဘူတာမှ ထွက်ခွာလာသော ရထားတစ်စင်းကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ ဒီဇယ်အင်ဂျင်သုံး ရထားစက်ခေါင်းများအား စားအုန်းဆီ ၄၀ ရာခိုင်နှုန်းပါဝင်သည့် ဇီဝလောင်စာဖြင့် ပထမဆုံး စမ်းသပ်ပြေးဆွဲရန် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယခုအစီအစဉ်သည် စားအုန်းဆီ အခြေခံထုတ်လုပ်သည့် ဇီဝလောင်စာများကို သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် သုံးစွဲရန် အစိုးရ၏ ဆောင်ရွက်ချက်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့် သတ္တု အရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာနနှင့် နိုင်ငံပိုင်ရထားလုပ်ငန်း ဖြစ်သည့် PT KAI တို့ ပူးပေါင်းပြေးဆွဲသည့် ဗိုဂိုဝမ်တိုအမည်ရှိ ရထားအား ယိုယာကာတာရှိ လန်ပူယန်ဂန် ဘူတာ နှင့် မြို့တော်ဂျကာတာရှိ ပက်ဆာဆီနမ်ဘူတာတို့အကြား ပြေးဆွဲမည်ဖြစ်သည်။ ဇီဝလောင်စာသုံးပြေးဆွဲမှု၌ ယင်း ရထားစက်ခေါင်းရှိ မီးစက်၏ ကြံ့ခိုင်မှုကိုလည်း စစ်ဆေးအကဲဖြတ်မည်ဟု သိရသည်။ စမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက ယင်း
ဇီဝလောင်စာကို ၂၀၂၅ ခုနှစ်တွင် သုံးစွဲမည် ဖြစ်သည်။ (Xinhua)

………………………
(English Version)

Indonesia conducts test of diesel train running on 40 pct palm oil blending
JAKARTA, July 23 (Xinhua) — Indonesia has conducted its first test of diesel locomotives running on fuel containing 40 percent palm oil. This move is part of the government’s agenda to increase the use of palm-based biodiesel fuel in various types of transportation.This blend aims to provide an alternative fuel source for vehicles.
With an estimated duration of 22 hours per round trip from Lempuyangan to Pasar Senen, Dewi estimated that the results would be achieved in approximately two months.
“We hope that all trials can be completed this December so that the use of B40 can fully be carried out in 2025,” Dewi added. ■

This photo taken by cellphone on Aug. 27, 2023 shows a train leaving Bandung Station in Bandung, Indonesia. (Xinhua/Xu Qin)