Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိလာ

ဖိလစ်ပိုင်နိုင်ငံ မာရီကီနာမြို့တွင် ရေကြီးရေလျှံဖြစ်ပွားပြီး သဲ၊နုန်းများ ရှင်းလင်းနေသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက် တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
တိုင်ဖွန်းမုန်တိုင်း ဂေမီနှင့်အတူ အနောက်တောင် မုတ်သုံလေတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ သေဆုံးသူ ၂၁ ဦးအထိ ရှိလာပြီဖြစ် ကြောင်း ရဲဌာနက ဇူလိုင် ၂၅ ရက်တွင်ပြောသည်။
ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ကနဦး အစီရင်ခံစာအရ သိရသည်။ သေဆုံးမှုအများစုမှာ ရေနစ်ခြင်း၊ မြေပြိုခြင်းနှင့် သစ်ပင်ပိခြင်း၊ ဓာတ်လိုက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
အနောက်တောင်မုတ်သုံလေနှင့် မုန်တိုင်း ဂေမီတို့၏ သက်ရောက်မှုနှစ်ခုကြောင့် သေဆုံးသူ စာရင်းကို ဖိလစ်ပိုင်အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီက အစီရင်ခံဖော်ပြခြင်း မရှိသေးချေ။ မုန်တိုင်းဂေမီသည် ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ်အတွင်း တိုက်ခတ်သည့် တတိယအကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး မြို့တော်မနီလာနှင့် အခြားသောဒေသများတွင် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။
နေရပ်မှပြောင်းရွှေ့လာရသည့် ဒေသခံများသည် ဇူလိုင် ၂၄ ရက် တစ်ညလုံးတွင် ဘုရားကျောင်းများ၊ တရားရုံးများ၊ စာသင်ကျောင်းများနှင့် အခြားသော ယာယီရွှေ့ပြောင်းနေထိုင်ရေးစင်တာတို့တွင် နေထိုင်၍ ၎င်းတို့ဒေသ၌ ရေပြန်ကျမည့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ရသည်။ (Xinhua)
………………………
(English Version)
Death toll from Philippine floods, landslides rises to 21
MANILA, July 25 (Xinhua) — Reported deaths from heavy rains, massive flooding, and landslides triggered by southwest monsoon enhanced by typhoon Gaemi have climbed to 21, police said on Thursday.
In a preliminary report, police said seven people died in the Philippine capital region Manila.
The cause of death mainly was drowning, landslides, fallen trees, and electrocution.
The Philippines’ national disaster agency has yet to report deaths due to the twin effects of southwest monsoon and Gaemi.
Gaemi, the third typhoon to lash the Philippines this year, has dumped rains, triggering flash floods and landslides in Metro Manila and many regions.
Displaced residents spent Wednesday night in covered courts, schoolhouses, churches, and other makeshift evacuation centers while waiting for the floodwaters in their areas to recede.
A resident cleans silts brought by floods in Marikina City, the Philippines, July 25, 2024.(Xinhua/Rouelle Umali)