Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအတွင်း ကုလသမဂ္ဂဝန်ထမ်း ၂၀၀ နီးပါးသေဆုံး

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ခန်ယွန်းနစ်မြို့၊ Near East ဒေသရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအဖွဲ့ (ယူအင်န် အာဒဗလျူအေ)မိတ်ဖက်ကျောင်းအနီး ကလေးငယ်များကို ၂၀၂၄ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအဖွဲ့ (ယူအင်န် အာဒဗလျူအေ) က ဂါဇာကမ်းမြောင်ဒေသ၌ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ ယခုအချိန်အထိ ၎င်းတို့၏ အဖွဲ့ဝင်၂၀၀ နီးပါး သေဆုံးခဲ့ကြောင်းပြောကြားသည်။

ယင်းသည် ကုလသမဂ္ဂ ဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း ပဋိပက္ခတစ်ခုတည်း (သို့မဟုတ်) သဘာဝဘေးဒဏ်ကြောင့် ဝန်ထမ်းအင်အားအများဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း၊ ယင်းမှာအရေအတွက် သက်သက်မျှသာမဟုတ်ဘဲ မိမိတို့၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသူငယ်ချင်းများ၊ ဆရာ ဆရာမများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာများ၊ ပံ့ပိုးကူညီရေးဝန်ထမ်းများ၊ လူမှုအသိုက်အဝန်း ကို ကူညီပံ့ပိုးပေးနေသည့် ပညာရှင်များ ဖြစ်ကြကြောင်း အဆိုပါအဖွဲ့၏ ကော်မရှင်နာချုပ် ဖီးလစ်လတ်ဇာရီနီက ဆိုရှယ် မီဒီယာ X တွင်ပြောကြားသည်။
အစ္စရေးနိုင်ငံသည် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်က လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်စ်တို့အပေါ် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့သည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသအတွင်း တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၉,၂၅၈ ဦးအထိရှိလာကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ဇူလိုင် ၂၇ ရက်ကပြောသည်။ (Xinhua)

…………………………..
(English Version)
200 UNRWA members killed in Gaza war: agency chief
GAZA, July 28 (Xinhua) — The United Nations Relief and Works Agency for Palestine Refugees in the Near East (UNRWA) said that nearly 200 of its team members have been killed in the Gaza Strip since October 2023.
“This is by far the largest loss of personnel killed in a single conflict or natural disaster since the creation of the United Nations — a reality the world must never accept,” Commissioner-General of the UNRWA Philippe Lazzarini said on social media platform X on Saturday. “These are not numbers. These are our colleagues and our friends. They are teachers, doctors, nurses, engineers, support staff, technicians who spent their life supporting the community,” Lazzarini said.
Israel has been conducting a large-scale offensive against Hamas in the Gaza Strip in retaliation for a Hamas rampage through the southern Israeli border on Oct. 7, 2023, during which about 1,200 people were killed and more than 200 taken hostage.
The Palestinian death toll from ongoing Israeli attacks on the Gaza Strip has risen to 39,258, Gaza-based health authorities said on Saturday. ■
Children walk past a school building affiliated with the United Nations Relief and Works Agency for Palestine Refugees in the Near East (UNRWA) in the southern Gaza Strip city of Khan Younis, on May 2, 2024. (Photo by Rizek Abdeljawad/Xinhua)