Connect with us

Asia

ဗီယက်နမ်နိုင်ငံသို့ ခုနစ်လအတွင်း နိုင်ငံတကာခရီးသွား ၁၀ သန်းနီးပါး ဝင်ရောက်

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၊ Ba Na Hills ရှိ ရွှေတံတားပေါ်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော ခရီးသွားဧည်သည်များကို တွေ့ရစဉ် (ဓာတ်ပုံ - VNA/Handout via Xinhua)

ဟနွိုင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသို့ ယခုနှစ် ပထမ ခုနစ်လအတွင်း နိုင်ငံတကာခရီးသွား ၁၀ သန်းနီးပါး လာရောက်ခဲ့ကြောင်းနှင့် ယင်းခရီးသွားများအနက် ဥရောပမှ ခရီးသွားအရေအတွက်သည် သိသိသာသာတိုးလာကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံးက ဇူလိုင် ၂၉ ရက်တွင်ပြောကြားသည်။
နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ကိန်းဂဏန်းများအရ ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၅၁ ရာခိုင်နှုန်း တိုးလာပြီး ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်ကထက် ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ဥရောပမှလာရောက်သည့် ခရီးသွား ဦးရေမြင့်တက်လာမှုနှင့်အတူ ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည်လည်း ၄၇ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းသိရသည်။ သြစတြေးလျဒေသ၏ ခရီးသွားဝင်ရောက်မှုသည် ၂၇ ဒသမ ၃ ရာခိုင်နှုန်းနှင့် အမေရိကဒေသ၏ခရီးသွား ဝင်ရောက်မှုသည် ၉ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်းနှင့် တရုတ်နိုင်ငံမှ ခရီးသွား အရေအတွက်တိုးလာမှုကြောင့် ဗီယက်နမ်နိုင်ငံသို့လာရောက်သည့် အာရှဒေသ၏ ခရီးသွား အရေအတွက်သည်လည်း တိုးတက်မှုနှုန်း ၅၇ ဒသမ ၁ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး ခရီးသွားအရင်းအမြစ်များဖြစ်ကြောင်းသိရသည်။ အထူးသဖြင့်ခရီးသွားနည်းပါးချိန်တွင် ဥရောပဧည့်သည်များ တိုးလာခြင်းသည် ဗီယက်နမ်နိုင်ငံ၏ ဗီဇာမူဝါဒနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မှုများကြောင့် ဖြစ်သည်ဟု ဗီယက်နမ်နိုင်ငံ စီးပွားရေးလုပ်ငန်းများနှင့် ဒေသဆိုင်ရာရုံးက ပြောကြားသည်။ (Xinhua)
………………………..
(English Version)
Vietnam welcomes nearly 10 mln int’l visitors in 7 months

HANOI, July 29 (Xinhua) — Nearly 10 million international visitor arrivals were reported in Vietnam in the first seven months of this year, with a strong increase seen in visitors from Europe, the General Statistics Office said on Monday.
The data for international visitor arrivals showed an increase of 51 percent compared to the same period last year and 1.9 percent higher than in 2019 before the COVID-19 pandemic hit the Southeast Asian country.
The tourism sector recorded a 47.3 percent increase in the number of tourists from Europe.
Other markets also saw high growth, such as Asia with 57.1 percent, mainly due to the increase in Chinese visitors, Australia with 27.3 percent and the Americas with 9.7 percent.
South Korea and China remained Vietnam’s largest tourist source market during the cited period.
The positive figures, especially the surge in European visitors during the low tourism season, were attributed to Vietnam’s favorable visa policy and tourism promotion campaigns by businesses and localities, said the office. ■

Tourists pose for photos on the Golden Bridge on Ba Na Hills, Da Nang city, Vietnam. (VNA/Handout via Xinhua)