Connect with us

Asia

ဗီယက်နမ်နိုင်ငံ၏ သစ်နှင့် သစ်အချောထည်ပစ္စည်းများတင်ပို့မှု ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံရှိမည်ဟု မျှော်လင့်ထား

ဗီယက်နမ်နိုင်ငံ ဟိုင်ဖုန်မြို့ရှိ Dinh Vu ဆိပ်ကမ်းတွင် ကွန်တိန်နာ တင်ဆောင်လာသော ထရပ်ကားများကို ၂၀၂၂ ခုနှစ် မတ် ၃၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ သစ်နှင့်သစ်အချောထည် ပစ္စည်းများတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိမည်ဟု မျှော်လင့်ထားကြောင်း ဟိုချီမင်းစီးတီး လက်မှုလုပ်ငန်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်နယူးစ်က ဇူလိုင် ၃၀ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်၏ သစ်နှင့်သစ်အချောထည်ပစ္စည်းတင်ပို့မှုမှာ ယခုနှစ်ဒုတိယနှစ်ဝက်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဟု လက်မှုလုပ်ငန်းနှင့် သစ်လုပ်ငန်းရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ သတင်းစာက ဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ သစ်နှင့် သစ်အချောထည်ပစ္စည်းများကို အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း ကဲ့သို့သော ဈေးကွက်သစ်များသို့တင်ပို့မှုမှာ သိသိသာသာတိုးတက်မှုရှိခဲ့ကြောင်း လက်မှုလုပ်ငန်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ ငုယင်ချန်ဖောင်ကဆိုသည်။
ဇူလိုင် ၁၅ ရက်အထိ ဗီယက်နမ် နိုင်ငံ၏ သစ်နှင့်သစ်အချောထည် တင်ပို့မှုမှ ဝင်ငွေသည် ကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံရှိကာ ယခင်နှစ်ကထက်၂၃ ဒသမ ၃ ရာခိုင်နှုန်းတိုးလာကြောင်းလည်း အကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရသိရသည်။ (Xinhua)

…………………………
(English Version)
Vietnam’s wood exports expected to reach 17.5 bln USD in 2024
HANOI, July 30 (Xinhua) — Vietnam’s exports of wood and wood products are expected to top 17.5 billion U.S. dollars this year thanks to favorable factors like the global economic recovery, Vietnam News reported Tuesday, citing the Ho Chi Minh City Handicraft and Wood Industry Association.
The newspaper cited industry insiders as saying that the country’s wood and wood product exports were expected to boom in the second half of this year amid positive signs from the global economy.
Nguyen Chanh Phuong, the association’s vice chairman, said firms had more export orders in the first half of the year compared to the same period last year, and some have enough to keep them busy until the end of the year.
Exports to new markets such as India and the Middle East have seen remarkable growth, he said.and wood product exports hit 8.1 billion dollars, a year-on-year increase of 23.3 percent, according to customs figures. ■

Trucks deliver containers at Dinh Vu port in Hai Phong city, Vietnam, March 31, 2022.(VNA/Handout via Xinhua)