Connect with us

Europe

တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် အေသင်မြို့ ဆင်ခြေဖုန်းရပ်ကွက်များရှိ မြေဧက ၁၀၀,၀၀၀ မီးလောင်ဒဏ်ခံရ

ဂရိနိုင်ငံ အေသင်မြို့အနီး Greece တွင် တောမီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်ရဟတ်ယာဉ်တစ်စင်းပေါ်မှ ရေဖျန်းချနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အေသင်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
ဂရိနိုင်ငံ အရှေ့မြောက်ပိုင်း အေသင်မြို့ ဆင်ခြေဖုန်းရပ်ကွက်များနှင့် Attica ဒေသရှိ ဒေသခံအမြောက်အမြားသည် ဩဂုတ် ၁၂ ရက်ညပိုင်း နှစ်ညဆက်တိုက်အဖြစ် နိုးနိုးကြားကြားရှိနေကြောင်း၊ ကြီးမား၍ ရွေ့လျားမှုမြန်ဆန်သော တောမီးသည် မြို့တော်ကိုပင် ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။
တောမီးငြှိမ်းသတ်ရေးလုပ်ငန်းကို မီးသတ်သမား၊ စစ်ဘက်အမှုထမ်း၊ စေတနာ့ဝန်ထမ်း ၇၀၀ ကျော်ဖြင့် ဆောင်ရွက်နေသော်ငြားလည်း လေပြင်းတိုက်ခတ်မှုများနှင့် ခြောက်သွေ့သောအခြေအနေများက တောမီးကို အားဖြည့်ပေးလျက်ရှိရာ လျင်မြန်စွာပျံ့နှံ့၍ နေရာအများပြားသို့ ဆက်လက်လောင်ကျွမ်းနေကြောင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
တောမီးလောင်မှုမှာ မာရသွန်ပြိုင်ပွဲစတင်မွေးဖွားခဲ့သော သမိုင်းဝင် မာရသွန်မြို့အနီးတွင် ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Massive wildfire reaches Athens suburbs, 100,000 acres scorched
ATHENS, Aug. 12 (Xinhua) — For a second consecutive night on Monday, thousands of residents in northeastern suburbs of Athens and the wider Attica region have stayed awake, as a major and fast-moving wildfire threatened the capital.
Despite a large-scale firefighting effort involving over 700 firefighters, military personnel, volunteers, 35 water dropping aircraft and helicopters, the blaze, fueled by strong winds and dry conditions, has spread rapidly and continued to rage on multiple fronts, a Fire Brigade spokesperson has said.
The wildfire broke out Sunday afternoon near the historic town of Marathon, the birthplace of the Marathon race, about 40 km northeast of downtown Athens.
Photo 1: A firefighting helicopter drops water on a wildfire in Dione near Athens, Greece, on Aug. 12, 2024. (Xinhua/Marios Lolos)