Connect with us

Africa & Middle East

ယီမင်နိုင်ငံရှိ ဟိုဒေးဒါဆိပ်ကမ်းမြို့အား အမေရိကန်နှင့် ဗြိတိန် ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်

ယီမင်နိုင်ငံ ဆန်နားမြို့တွင် ဟူသီတပ်ဖွဲ့ပြောခွင့်ရ ယာ့ယာဆာရီယာ ကြေညာချက်ထုတ်ပြန်နေပုံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်၌ ဟူသီအဖွဲ့က ထုတ်ပြန်သည့် ဗီဒီယိုမှ screenshot ဖမ်းယူထားသောပုံဖြင့် တွေ့ရစဉ် (ဆင်ဟွာ)

ဆန်နား၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ဗြိတိန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်နိုင်ငံရှိ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် ဟိုဒေးဒါအား ဩဂုတ် ၁၅ ရက် ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့၏ အယ်လ်-မာဆီရာ ရုပ်သံ၏ ထုတ်လွှင့်ချက်အရ သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အယ်လ်-ဆာလစ်ဖ် ခရိုင်အား ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်း လူအသေအပျောက်ရှိမရှိကိုမူ လတ်တလော အသေးစိတ်မသိရှိရပေ။ ဟူသီအဖွဲ့ထိန်းချုပ်ထားသော နေရာတစ်ခုအနီးတွင် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားပြောဆိုထားသည်။ ဟူသီအဖွဲ့သည် ပင်လယ်နီ ကမ်းရိုးတန်း၏ နေရာအချို့ အပါအဝင် ယီမင်နိုင်ငံမြောက်ပိုင်း၏ နေရာအများအပြားကို ထိန်းချုပ်ထားသည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ကမူ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခြင်းမရှိပေ။

အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များကိုသာမက ကုန်တင်သင်္ဘောများကိုပါ မကြာမီ ထင်ထင်ရှားရှား ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့်အတွက် ပင်လယ်နီအတွင်းရှိ ဟူသီအဖွဲ့၏ ရေယာဉ်နှစ်စင်းကို ဖျက်ဆီးခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ဆိုရှယ်မီဒီယာ ပလက်ဖောင်း X တွင် ဩဂုတ် ၁၄ ရက်က ကြေညာခဲ့သည်။ ဂါဇာဒေသရှိ ပါလက်စတိုင်းတို့နှင့် တညီတညွတ်တည်း ရှိသည်ဟုဆိုကာ ဟူသီအဖွဲ့က အစ္စရေးနှင့် ဆက်နွှယ်နေသော သင်္ဘောများကို နိုဝင်ဘာလကတည်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ယင်းအား လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ဗြိတိန် ဦးဆောင်သော ရေတပ်ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီလက်နက်ကိုင်အဖွဲ့ တပ်ချထားသည့် နေရာများကို ဇန်နဝါရီလကတည်းက လေကြောင်းတိုက်ခိုက်မှုများနှင့် ဒုံးကျည်ဖြင့်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
U.S.-British coalition conducts airstrike on Yemen’s port city: Houthi TV
SANAA, Aug. 15 (Xinhua) — The U.S.-British coalition conducted an airstrike on Yemen’s Red Sea port city of Hodeidah on Thursday evening, according to Houthi-run al-Masirah TV.

The strike reportedly targeted the northwestern al-Salif district, but details on casualties were not immediately available. Residents on social media reported a significant explosion near a Houthi-controlled site. The Houthis control much of northern Yemen, including parts of the Red Sea coast.

The U.S.-led coalition has not yet commented on the strike.

On Wednesday, U.S. Central Command announced on social media platform X that its forces had destroyed two Houthi vessels in the Red Sea, citing them as presenting a “clear and imminent threat” to U.S. and coalition forces, as well as merchant vessels in the region. Since November, the Houthis have targeted Israeli-linked ships, citing “solidarity with Palestinians in Gaza.” In response, the U.S.-British naval coalition has carried out regular air raids and missile strikes against Houthi positions since January, with limited success. Enditem