Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံ (DRC) တွင် မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၅၇၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးပြော

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း North Kivu ပြည်နယ် ဂိုမာမြို့အနီး Nyiragongo နယ်မြေရှိ ဆေးရုံတွင် မျောက်ကျောက်ရောဂါကုသမှုခံယူနေသောကလေးငယ်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
လက်ရှိဖြစ်ပွားနေသော မျောက်ကျောက်ရောဂါ (mpox) ကို “ကမ္ဘာ့တိုက်ကြီးဆိုင်ရာ အရေးပေါ်အခြေအနေ” အဖြစ် ကြေညားခဲ့ကြောင်း ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီး Roger Kamba က ဩဂုတ် ၁၉ ရက်၌ ကြေညာခဲ့သည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ကွန်ဂိုနိုင်ငံ (DRC) တွင် မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၅၇၀ ကျော်အပါအဝင် ရောဂါအတည်ပြု (သို့မဟုတ်) သံသယလူနာ ၁၆,၇၀၀ ဦး ရှိခဲ့ကြောင်း၊ ယခင်သီတင်းပတ်က သံသယလူနာ ၁၅,၆၆၄ ဦးနှင့် သေဆုံးမှု ၅၄၈ ဦး ရှိခဲ့ရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း Kamba က ပြောကြားခဲ့သည်။
ကွန်ဂိုနိုင်ငံ (DRC) က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မျောက်ကျောက်ရောဂါကို နိုင်ငံအဆင့်ရောဂါဖြစ်ပွားမှုအဖြစ် ကြေညာခဲ့ပြီး ရောဂါဖြစ်ပွားမှု တိုးမြင့်လာမှုအပေါ် အခြေခံ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရောဂါစီမံခန့်ခွဲမှုစနစ် ထူထောင်မှုမြှင့်တင်ခဲ့သည်။
အာဖရိနိုင်ငံ ၁၇ နိုင်ငံနှင့် အာဖကတိုက်ပြင်ပ အခြားနေရာများစွာ၌ ဖြစ်ပွားနေသော အဆိုပါရောဂါသည် အထူးသဖြင့် အသက် ၁၅ နှစ်အောက် လူငယ်များအပေါ် သိသိသာသာ သက်ရောက်မှုရှိကြောင်း Kamba က ဆိုသည်။
“ကာကွယ်ဆေးထိုးနှံတာက ရောဂါကိုတုံ့ပြန်နိုင်တဲ့ တစ်ခုတည်းသောအပိုင်းပဲဆိုတာက ကျွန်တော်သတိပေးလိုက်ပါတယ်။ ပထမဆုံးကာကွယ်မှုအနေနဲ့ကတော့ ရောဂါအကာအကွယ်ဆောင်ရွက်ချက်တွေကို လိုက်နာဖို့ပါပဲ” ဟု ကျန်းမာရေးဝန်ကြီးက ပြောခဲ့သည်။ ကွန်ဂိုနိုင်ငံ (DRC) တွင် လာမည့်သီတင်းပတ်တွင် မျောက်ကျောက်ရောဂါကာကွယ်ဆေးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ဇူလိုင် ၃၀ ရက်က ကြေညာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်မှုမြင့်တက်နိုင်မည့် အလားအလာကို သတိပေးခဲ့သည်။ (Xinhua)


……………………………………..
(English Version)
Mpox kills over 570 in DR Congo: health minister
KINSHASA, Aug. 19 (Xinhua) — The ongoing mpox outbreak has been declared a “continental emergency,” according to Roger Kamba, health minister of the Democratic Republic of the Congo (DRC), speaking on Monday.
Kamba reported that since the beginning of this year, the DRC has so far documented 16,700 confirmed or suspected cases of mpox, including more than 570 deaths, an increase from the 15,664 suspected cases and 548 deaths reported last week.
In December 2022, the DRC declared a national outbreak of mpox, prompting the establishment of an incident management system since February 2023 based on the increasing number of reported cases.
The disease, affecting 17 African countries and several others outside the continent, is notably impacting younger populations, particularly children under 15, said Kamba.
“But I remind you that the vaccine is only part of the response; the first line of defense is adherence to preventive measures,” said the minister, specifying that the country would receive a batch of mpox vaccines next week.
The World Health Organization (WHO) declared last Wednesday that mpox, formerly known as monkeypox, a public health emergency of international concern, raising alarms about its potential for increased global transmission.
Photo: A child caught mpox gets treatment at a hospital in the Nyiragongo territory near Goma, North Kivu province, eastern Democratic Republic of the Congo (DRC), on Aug. 15, 2024. (Photo by Zanem Nety Zaidi/Xinhua)