Connect with us

International Organizations

၂၀၂၄ ခုနှစ် ဩဂုတ် ၂၁ ရက်အတွက် ဆင်ဟွာမြန်မာ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းကောက်နုတ်ချက်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၀ ရက်က ပြုလုပ်သော စိတ်ဓာတ်မြှင့်တင်ရေးအခမ်းအနား တက်ရောက်လာကြသော တရုတ်မသန်စွမ်းအားကစားအဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

-၂၀၂၄ ခုနှစ် ဩဂုတ် ၂၁ ရက်အတွက် ဆင်ဟွာမြန်မာ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းတချို့ကို ဖော်ပြအပ်ပါသည်။

တရုတ်မသန်စွမ်းအိုလံပစ်အားကစားအဖွဲ့ ပဲရစ်သို့ ဩဂုတ် ၂၁ ရက်တွင် ထွက်ခွာမည်

တရုတ် မသန်စွမ်းအိုလံပစ်အားကစားအဖွဲ့သည် အသုတ်နှစ်သုတ်ခွဲကာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ဩဂုတ် ၂၁ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း၊ ပေကျင်းမြို့တွင် ဩဂုတ် ၂၀ ရက်က စိတ်ဓာတ်မြှင့်တင်ရေးအခမ်းအနား ကျင်းပခဲ့ရာ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားအားလုံး ပါဝင်တက်ရောက်ခဲ့ကြသည်။
၂၀၂၄ ခုနှစ် ပဲရစ် မသန်စွမ်းအိုလံပစ်အားကစားပွဲကို ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကာ တရုတ်နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် ၁၁ ကြိမ်မြောက် နွေရာသီ မသန်စွမ်းအားကစားပွဲလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
………..
၂၀၂၄ ခုနှစ် World Athletics U20 ချန်ပီယံရှစ်အတွက် ယူဂန္ဓာ အားကစားသမားစာရင်းထုတ်ပြန်

ယူဂန္ဓာနိုင်ငံ အားကစားသမားအဖွဲ့ချုပ် (UAF) က ပီရူးနိုင်ငံ လီမာမြို့တွင် ဩဂုတ် ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် ၂၀၂၄ ခုနှစ် World Athletics U20 ချန်ပီယံရှစ်အတွက် အားကစားသမားစာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။
UAF ဥက္ကဋ္ဌ Dominic Otuchet က အဆိုပါ ချန်ပီယံရှစ်ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား ၁၀ ဦး၏ နာမည်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပီရူးနိုင်ငံရှိ Estadio Atletico de la Videna အားကစားကျေးရွာတွင် ကျင်းပမည့် ထိုပြိုင်ပွဲတွင် အသင်း ၁၃၄ သင်းမှ အားကစားသမား ၁,၇၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (Xinhua)
………
River Plate အသင်းသို့ မားကို့စ် အကူနာ ပြောင်းရွှေ့မှုပြီးစီး

အာဂျင်တီးနား နိုင်ငံတကာ ဘယ်နောက်ခံလူ မားကို့စ် အကူနာ (Marcos Acuna) သည် ဆီဗီလာအသင်းနှင့် လမ်းခွဲပြီးနောက် River Plate အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းသွားခဲ့ကြောင်း သိရသည်။
“ကမ္ဘာ့ချန်ပီယံကို ကြိုဆိုပါတယ်” ဟု အသက် ၃၂ နှစ်အရွယ် ဘောလုံးသမား Marcos Acuna ၏ ဓာတ်ပုံနှင့်အတူ River အသင်းက ၎င်းတို့၏ လူမှုမီဒီယာအကောင့်တွင် ဖော်ပြထား‌သော သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese Paralympics delegation to leave for Paris on Wednesday
BEIJING, Aug. 20 (Xinhua) — The Chinese Paralympic delegation will leave for Paris on Wednesday in two batches, which was announced at a motivational conference held here in Beijing on Tuesday, with all delegation members’ taking part.
The Paris 2024 Paralympics, to be held between August 28 and September 8, will be the 11th Summer Paralympics that China participates in.
………..
Uganda releases team for 2024 World Athletics U20 Championship
KAMPALA, Aug. 20 (Xinhua) — The Uganda Athletics Federation (UAF) has announced a team for the 2024 World Athletics U20 Championship, set to take place in Lima, Peru, from August 27-31.
Dominic Otuchet, President of the UAF, named 10 athletes who will represent the country at the Championship. More than 1,700 athletes from 134 teams will compete at the Estadio Atletico de la Videna.
………
Marcos Acuna completes River Plate move
BUENOS AIRES, Aug. 20 (Xinhua) — Argentina international left-back Marcos Acuna has completed a free transfer to River Plate after parting ways with Sevilla, the Argentine top-flight side said on Tuesday.
“Welcome, world champion,” River said in a brief statement on its social media accounts alongside an image of the 32-year-old.
Photo : Members of China’s Paralympic delegation attend a motivational conference for the upcoming Paralympic Games in Beijing, capital of China, Aug. 20, 2024. (Xinhua/Cai Yang)