Connect with us

Africa & Middle East

လက်ဘနွန်၌ အစ္စရေးက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဟစ်ဇ်ဘိုလာအဖွဲ့က ရော့ကတ်ဒုံးကျည် အစင်း ၅၀ ဖြင့် ပစ်ခတ်

အစ္စရေးနိုင်ငံ Western Galilee ဒေသရှိ ဟစ်ဇ်ဘိုလာအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သော Ya'ara မြို့အနီး၌ အစ္စရေး တိုက်ခိုက်ရေးယာဉ်တစ်စီး ကင်းလှည့်နေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံရှိ နေရာအချို့အား အစ္စရေးစစ်လေယာဉ်များက ညပိုင်းနှင့် နံနက်ပိုင်းတို့တွင် တိုက်ခိုက်ခဲ့သဖြင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့က ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ အနည်းဆုံး ရော့ကတ်ဒုံးကျည် အစင်း ၅၀ ဖြင့် ပစ်ခတ်ခဲ့သည်ဟု အစ္စရေးနှင့် လက်ဘနွန် သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသရှိ ကက်ဇရင်မြို့လယ်ဆီသို့ ရော့ကတ်ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) ပြောခွင့်ရပုဂ္ဂိုလ် ဒန်နီယယ် ဟာဂါရီက ဆိုရှယ်မီဒီယာပလက်ဖောင်း X တွင် ရေးသားပြောဆိုခဲ့သည်။ “ဟစ်ဇ်ဘိုလာဘက်က အစ္စရေး အရပ်သားတွေကို အရမ်းကာရော ပစ်ခတ်နေပါတယ်။ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်နေတဲ့ တခြားနိုင်ငံတွေလိုပဲ ကျွန်တော်တို့အနေနဲ့လည်း လိုအပ်သလို လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ဟာဂါရီက သတိပေးခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ဟစ်ဇ်ဘိုလာအဖွဲ့က စစ်အခြေစိုက်စခန်းများအစား အရပ်သားများနေထိုင်ရာ ဧရိယာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အစ္စရေး လုံခြုံရေးအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ အစ္စရေးသတင်းဌာန Ynet က ဖော်ပြသည်။
လေကြောင်းရန်ကာကွယ်ရေးစနစ်က ရော့ကတ်အချို့ကို ကြားဖြတ်ပစ်ချခဲ့ပြီး ကက်ဇရင်မြို့ ဧရိယာထဲသို့ လွင့်စဉ်လာသော ဒုံးကျည်အစအနများကို လေ့လာဖော်ထုတ်ခဲ့ကြောင်း IDF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဆိုရှယ်မီဒီယာတွင် တင်ထားသော ဗီဒီယိုမှတ်တမ်းများတွင် လူနေအိမ်အချို့ မီးစွဲလောင်ကာ ၎င်းအိမ်များမှ အနက်ရောင်မီးခိုးများ တက်လာပုံကို မြင်တွေ့ရကြောင်း သိရသည်။

အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဒုံးကျည်အစအန ထိမှန်မှုကြောင့် ဒဏ်ရာရခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် ဒဏ်ရာအခြေအနေ မပြင်းထန်ကြောင်း အစ္စရေးနိုင်ငံ၏ Magen David Adom ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရော့ကတ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ဘနွန်နိုင်ငံ ဘီကားဒေသ၌ အစ္စရေး၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံ ဆီဒွန်မြို့၌ အစ္စရေး၏ နံနက်အစောပိုင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူသုံးဦး သေဆုံးခဲ့သည်ဟု အစ္စရေးနိုင်ငံပိုင် Kan TV ၏ သတင်းထုတ်လွှင့်ချက်အရ သိရသည်။

အစ္စရေးကာကွယ်ရေးတပ်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အစ္စရေး စစ်လေယာဉ်များက ဘီကားဒေသရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ လက်နက်သိုလှောင်ရုံများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ထပ်ဆင့်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကို သိရှိရတဲ့အတွက် တိုက်ခိုက်ခံရတဲ့ အဆောက်အအုံတွေမှာ လက်နက်အမြောက်အမြား ရှိနေတာကို ညွှန်ပြနေတယ်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုများသည် ဟစ်ဇ်ဘိုလာအဖွဲ့က လေကြောင်းရန်ကာကွယ်ရေး စနစ်အတွက် အသုံးပြုနေပြီး အစ္စရေးလေတပ်၏ လေယာဉ်များကိုပါ ခြိမ်းခြောက်မှုဖြစ်စေသည့် ခြံဝင်းတစ်ခုကိုလည်း ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကြေညာချက်အရ သိရသည်။ (Xinhua)
……………………….
(English Version)
Hezbollah fires 50 rockets at N. Israel following deadly strikes on Lebanon
JERUSALEM, Aug. 21 (Xinhua) — Lebanese militant group Hezbollah fired at least 50 rockets at northern Israel Wednesday morning after Israeli warplanes struck several areas overnight and in the morning in Lebanon, killing at least three people, according to Israeli and Lebanese sources.

Daniel Hagari, a spokesman for the Israel Defense Forces (IDF), wrote on the social media platform X that Hezbollah had targeted with rockets the center of Katzrin, a city in the Israeli-annexed Golan Heights. “Hezbollah is firing indiscriminately at Israeli civilians. Like any country that protects its citizens — we will act accordingly,” Hagari warned.

Citing anonymous Israeli security officials, Israel’s Ynet news site reported that the attack marked the first time Hezbollah had deliberately targeted civilian areas instead of military bases.

The IDF said in a statement that the aerial defense array intercepted some of the rockets, and “a number of fallen projectiles were identified in the area of Katzrin.” Video footage on social media showed several residential homes were set on fire, with black smoke rising above them.

Israel’s Magen David Adom rescue service reported that a man in his 30s was injured by shrapnel and taken to a hospital in moderate condition.
Hezbollah claimed responsibility for the rockets, saying the attack was in response to Israeli strikes in the Beqaa area of Lebanon.

Earlier in the morning, at least three people were killed in an Israeli attack on the city of Sidon in Lebanon, according to Israel’s state-owned Kan TV news.