Connect with us

Europe

ရုရှားနိုင်ငံ ပင်လယ်နက်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောကို ယူကရိန်းတိုက်ခိုက်ပြီးနောက် လူ ၁၇ ဦးအား ကယ်တင်နိုင်

မော်စကို၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ ပင်လယ်နက်ရှိ Kavkaz ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောတစ်စင်းကို ယူကရိန်းက ဩဂုတ် ၂၂ ရက်၌ တိုက်ခိုက်ခဲ့ပြီးနောက် လူ ၁၇ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
“ယူကရိန်းက Kavkaz ဆိပ်ကမ်းမှာ သင်္ဘောကိုတိုက်ခိုက်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းကို ရုရှားကမ်းခြေစောင့် ရေတပ် တပ်ဖွဲ့လည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ရုရှား အမျိုးသားကမ်းခြေစောင့်တပ်ဖွဲ့ တောင်ပိုင်းခရိုင်က ၎င်းတို့၏ တရားဝင်တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် လောင်စာဆီတိုင်ကီ ၃၀ တင်ဆောင်လာသော သင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Kavkaz ဆိပ်ကမ်းသည် Kerch ရေလက်ကြား အရှေ့ဘက်ခြမ်းရှိ Krasnodar ဒေသတွင် တည်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
17 rescued after Ukraine attacks Russia’s Black Sea ferry
MOSCOW, Aug. 23 (Xinhua) — Seventeen people were rescued after Ukraine attacked a ferry docked at Russia’s Black Sea port of Kavkaz on Thursday, local authorities said.
“The naval detachment of the Russian Guard took part in the rescue operation after the Ukrainian Armed Forces struck the ferry in the port of Kavkaz,” the Southern District of the Russian National Guard said in a statement released via its official Telegram channel.
The attack targeted a rail ferry carrying 30 fuel tanks. The Kavkaz port is located in the Krasnodar region on the eastern side of Kerch Strait.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.