Connect with us

Economy

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အေးမြသော သဘာဝအရင်းအမြစ်များကို နွေရာသီခရီးသွားလုပ်ငန်း၏ အဖိုးတန်ရတနာအဖြစ် အသွင်ပြောင်းလျက်ရှိ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၊ ရီချွမ်းမြို့ရှိ Shangganling သစ်တောဥယျာဉ်အတွင်း ခရီးသွားများကို တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်၌ ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ယူထားသော ဓာတ်ပုံတစ်ပုံတွင် တွေ့ရစဉ် (ဆင်ဟွာ)

စိန်ရန်၊ ချန်ချွမ်း၊ ဟာအယ်ပင်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းသည် လွန်ခဲ့သော ဆောင်းရာသီတွင် အံ့မခန်းဖွယ် ဆောင်းရာသီ သဘာဝရှုခင်းများနှင့်အတူ ရေခဲနှင့် ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသော ရာသီတစ်ခုနှင့် ကြုံတွေ့ခဲ့သည်။ယခုနွေရာသီတွင်လည်း တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခုဖြစ်သည့် လျောင်နင်၊ ကျီလင်နှင့် ဟေးလုံကျန်း ပြည်နယ်တို့သည် လူကြိုက်များသော ခရီးစဉ်ဒေသများ တစ်ဖန်ပြန်ဖြစ်လာခဲ့ပြီး ပြင်းထန်သော နွေရာသီအပူဒဏ်မှ ကင်းဝေးစေသည့် အေးမြဆိတ်ငြိမ်သော နားခိုစရာနေရာတစ်ခုကို ဖန်တီးပေးလျက်ရှိသည်။

“သဘာဝရှုခင်းတွေနဲ့လှပတဲ့ ဒီနေရာဟာ သစ်တောဖုံးလွှမ်းမှု ၉၇ ရာခိုင်နှုန်း ရှိနေတာက ဂုဏ်ယူစရာကောင်းပြီး နွေလယ်ကာလတွေမှာ ပျမ်းမျှအပူချိန် ၂၂ ဒီဂရီဆဲလ်စီးယပ်စ်ရှိတယ်။ အေးမြတဲ့ စမ်းရေကတော့ တစ်နှစ်ပတ်လုံးမှာ အပူချိန် ၄ ဒီဂရီဆဲလ်စီးယပ်စ်လောက် ရှိပါတယ်” ဟု လျောင်နင် ပြည်နယ် ပန်ရှီး မြို့ရှိ Dabinggou အမျိုးသား ဘူမိဗေဒ သစ်တောဥယျာဉ်၏ အထွေထွေမန်နေဂျာ Xu Ruiyang က ဆိုသည်။

သဘာဝသယံဇာတ ပေါကြွယ်ဝမှုကို နောက်ခံပြုလျက် ယင်းဒေသ၏ ရှုခင်းလှပသော နေရာများသည် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ဆောင်ကြဉ်းပေးခြင်းဖြင့် ခရီးသွားလုပ်ငန်း တစ်ဟုန်ထိုးဖွံ့ဖြိုးလာမှုကို အမြတ်ထုတ်နိုင်ရန် ထိုအခွင့်အရေးကို အမိအရအသုံးချခဲ့သည်။

“တောင်ကုန်းတောင်တန်းတွေရဲ့ သဘာဝအကျိုးကျေးဇူးတွေကို အသုံးချပြီး မိသားစုတွေနဲ့ သင့်လျော်အဆင်ပြေမယ့် အပန်းဖြေအနားယူစရာ ဝန်ဆောင်မှုတွေ စီစဉ်ပေးပါတယ်။ ဥပမာပြောရရင် ရွက်ဖျင်တဲထိုးပြီး စခန်းချခရီးထွက်ဖို့ စီစဉ်ပေးတယ်။ သီတင်းပတ်ကုန်ရောက်တိုင်း မီးပုံပွဲတွေ၊ ခေတ်ပေါ်တီးဝိုင်းတွေနဲ့ လိုက်ဖ်ဖျော်ဖြေပွဲတွေ၊ လေဟာပြင်ရုပ်ရှင်ရုံတွေ စီစဉ်ပေးပါတယ်” ဟု ကျီလင်ပြည်နယ်၊ ကျီလင်မြို့ရှိ Vanke Songhua Lake အပန်းဖြေစခန်း၏ ဈေးကွက်မြှင့်တင်ရေး ဒါရိုက်တာ Huang Zhongrui က ပြောကြားခဲ့သည်။
ထို့အတူ ရေခဲ၊ ဆီးနှင်းတို့ဖြင့် ဖန်တီးထားသော မိုးလုံလေလုံ ဖျော်ဖြေရေးရုံများလည်း ရေပန်းစားလာခဲ့ကာ ခရီးသွားများစွာကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခု၌ နွေရာသီအားလပ်ရက်ကာလကို ဖြတ်သန်းခြင်းသည် တရုတ်လူမျိုး အပန်းဖြေသူများအကြား ရေပန်းစားလူကြိုက်များလာသော အလေ့အထတစ်ခု ဖြစ်လာသည်ဟု အွန်လိုင်းခရီးသွား ပလက်ဖောင်း Mafengwo က ဆိုသည်။

“ဒီကိုရောက်လာတဲ့အချိန်မှာ ဒီနေရာရဲ့ အံ့မခန်းလောက်တဲ့ ရှုမျှော်ခင်းတွေကြောင့် လုံးဝကို အံ့ဩမှင်သက်သွားတယ်။ ကျွန်မတို့ ပန်းခင်းတွေထဲမှာ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်တိုင်းလည်း လှနေတယ်လေ။ ကျွန်မ တော်တော်လေးသဘောကျမိတယ်။ ဒီနေရာက နွေရာသီခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံး ခရီးစဉ်ဒေသတစ်ခုပဲလို့ ကျွန်မယုံကြည်ပါတယ်” ဟု ဆန်းတုံပြည်နယ်မှ ခရီးသွားတစ်ဦးဖြစ်သည့် ဝမ်ဟောင်က ဆိုသည်။

ဆောင်းရာသီတွင် ရေခဲနှင့် ဆီးနှင်း၊ နွေရာသီတွင် အေးမြသော အပန်းဖြေအနားယူစရာအဖြစ် အသွင်သဏ္ဌာန်နှစ်မျိုးရှိသော ခရီးသွားပုံရိပ်ကို တည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ် ကာကွယ်စောင့်ရှောက်မှုကို ဟန်ချက်ညီညီ ချိန်ညှိလျက် ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းတစ်ခုကို ပုံဖော်ဖန်တီးလျက်ရှိသည်။ (Xinhua)
——————————
(English Version)
Northeast China turns cool resources into summer tourism gold
Northeast China experienced a booming ice-and-snow season last winter with its spectacular winter scenes.
This summer, the three northeastern provinces of Liaoning, Jilin, and Heilongjiang have once again become popular destinations, offering a cool retreat from the intense summer heat.
Dabinggou National Geological Forest Park
Benxi, Liaoning Province
SOUNDBITE 1 (Chinese): XU RUIYANG, General manager of Dabinggou National Geological Forest Park
“The scenic area boasts a forest coverage rate of 97%, with an average temperature of 22°C in midsummer. The cold spring water maintains a temperature of around 4°C year-round.”
Vanke Songhua Lake Resort
Jilin, Jilin Province
Based on abundant natural resources, scenic spots in the region have seized this opportunity to capitalize on the tourism boom by offering better services.
SOUNDBITE 2 (Chinese): HUANG ZHONGRUI, Marketing Director of Vanke Songhua Lake Resort
“We use the natural advantages of the mountain to offer family-friendly leisure and vacation products. For example, we provide tent camping, and every weekend, we host bonfire parties, live band performances, outdoor movies, etc.”
Beishan Four Seasons Cross-country Ski Resort
Jilin, Jilin Province
Meanwhile, indoor ice-and-snow entertainment venues are also thriving, attracting many visitors.
According to the online travel platform Mafengwo, there is a growing trend among Chinese vacationers to spend their summer holidays in the three northeastern provinces.
Hegang City,
Heilongjiang Province
SOUNDBITE 3 (Chinese): WANG HAO, Tourist from Shandong Province
“Upon arriving, I was absolutely amazed by the stunning beauty of the place. We took photos in the flower fields, and every shot turned out beautifully. I was deeply impressed. I believe this is an excellent destination for summer tourism.”
By establishing a dual tourist image — ice and snow in winter and cool getaways in summer — northeast China has carved out a development path that balances ecological protection with economic growth.
English Caption
An aerial drone photo taken on July 11, 2024 shows a vehicle carrying tourists running in Shangganling stream forest park in Yichun, northeast China’s Heilongjiang Province. (Xinhua/Zhang Tao)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.