Connect with us

North America

အမေရိကန်က တရုတ်ကုမ္ပဏီအချို့အား ပို့ကုန်ထိန်းချုပ်သည့် စာရင်းတွင် ထည့်သွင်းမှုအပေါ် တရုတ်နိုင်ငံ ကန့်ကွက်

ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီအချို့အား ပို့ကုန်ထိန်းချုပ်သည့် အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့သော အမေရိကန်၏ လုပ်ရပ်ကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ် ကုမ္ပဏီအဖွဲ့အစည်း အချို့အား ရုရှားနှင့် ဆက်နွှယ်နေသည်ဆိုသော အကြောင်းပြချက်များဖြင့် ပို့ကုန်ထိန်းချုပ်ထားသော အဖွဲ့အစည်းများစာရင်းတွင် မကြာသေးမီက ထည့်သွင်းလိုက်ခြင်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ရပ်သည် တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် တရားစီရင်ခွင့်အာဏာကို ချဲ့ထွင်သော လုပ်ရပ်စစ်စစ်ဖြစ်ကြောင်း ၎င်းပြောခွင့်ရပုဂ္ဂိုလ်က အွန်လိုင်းမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းသည် နိုင်ငံတကာ ကုန်သွယ်ရေးစနစ်နှင့် စည်းမျဉ်းများကို ထိခိုက်စေကာ နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် ဆောင်ရွက်မှုများကို အဟန့်အတားဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်၏ တည်ငြိမ်မှုနှင့် လုံခြုံမှုအား ထိခိုက်စေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်အနေဖြင့် လွဲမှားသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်သင့်ကြောင်း၊ တရုတ် စီးပွားရေးလုပ်ငန်းများ၏ တရားဝင်ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ခိုင်ခိုင်မာမာ ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့် အစီအမံများကို တရုတ်နိုင်ငံက လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
#China #US #ExportControl #EntityList #တရုတ် #အမေရိကန် #ပို့ကုန်ထိန်းချုပ်မှု #အဖွဲ့အစည်းစာရင်း
————————-
(English Version)
1st LD-Writethru: China opposes U.S. placing Chinese entities on export control list
BEIJING, Aug. 25 (Xinhua) — China resolutely opposes the move of the U.S. side to place some Chinese entities on its export control “entity list,” a spokesperson for China’s Ministry of Commerce said Sunday.
The spokesperson made the remarks in response to a media query on the U.S. Department of Commerce recently putting a number of Chinese entities on its export control “entity list” under so-called Russia-related excuses. The move is a typical act of unilateral sanctions and long-arm jurisdiction, said the spokesperson in an online statement.
It undermines the international trade order and rules, impedes normal international economic and trade exchanges, and affects the security and stability of the global industrial and supply chains, the statement said.
The U.S. side should immediately stop its wrong actions, said the spokesperson, adding that China will take necessary measures to firmly safeguard the legitimate rights and interests of Chinese enterprises. Enditem
English Caption

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.