Connect with us

Africa & Middle East

ဆူဒန်နိုင်ငံတွင် ရေကာတာပြိုကျမှုကြောင့် လူ ၆၀ ထက်မနည်းသေဆုံးပြီး လူရာနှင့်ချီ၍ပျောက်ဆုံးနေ

ဆူဒန်နိုင်ငံ ပင်လယ်နီပြည်နယ်ရှိ အာဘတ်ရေကာတာပြိုကျကာ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်စီးနေသော တံတားအား ကြည့်ရှုနေသူများကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Sudan's Transitional Sovereign Council/Handout via Xinhua)

ခါတွမ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ အရှေ့ပိုင်းရှိ အာဘတ်မြို့ရှိ ရေကာတာတစ်ခု ဩဂုတ် ၂၅ ရက်က ပြိုကျခဲ့ပြီး ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆၀ သေဆုံးခဲ့ပြီး လူရာနှင့်ချီ၍ ပျောက်ဆုံးနေကြောင်း ဆူဒန်တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၂၆ ရက်၌ ပြောကြားခဲ့သည်။
ရေကာတာပြိုကျခြင်းကြောင့် ပြည်နယ်မြို့တော် ပို့သ်ဆူဒန်အနီးရှိ ကျေးရွာများ ပျက်စီးခဲ့ကြောင်း ပင်လယ်နီပြည်နယ်၏ Water Corporation အကြီးအကဲ Omer Issa Tahir က ပြောခဲ့သည်။

ရေကာတာဧရိယာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် ကြားဖြတ်ဆောင်ရွက်မှုများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ရေဘေးလွတ်ရာ တောင်တန်းများပေါ်သို့ တက်သွားသူများအနေဖြင့်လည်း ကင်းမြီးကောက်များနှင့် မြွေအန္တရာယ်ကို သတိထားကြရန် ၎င်းက အလေးထားပြောကြားခဲ့သည်။
“ရေဘေးကြောင့်ပိတ်မိနေသူတွေကို ရွှေ့ပြောင်းဖို့က ဦးစားပေးဖြစ်ပါတယ်” ဟု Tahir က လက်ရှိကယ်ဆယ်ရေးဆောင်ရွက်နေသောအဖွဲ့များက ပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Sudan dam collapse leaves at least 60 dead, hundreds missing
KHARTOUM, Aug. 26 (Xinhua) — Arbaat Dam in eastern Sudan collapsed on Sunday, causing severe flooding that has killed at least 60 people, with hundreds still missing, a Sudanese official reported on Monday.
Omer Issa Tahir, head of the Red Sea State’s Water Corporation, added that the dam burst has devastated villages near Port Sudan, the capital of the state.
He emphasized the urgent need for interventions in the dam area and surrounding villages, highlighting risks such as scorpion and snake bites for those who climbed mountains to escape the water.
“The priority is to evacuate those trapped by the flooding,” Tahir said, adding that rescue teams are currently working to reach them.
Photo 1: People are seen on a bridge damaged due to floods after the collapse of Arbaat Dam in Red Sea State, Sudan, on Aug. 26, 2024. (Sudan’s Transitional Sovereign Council/Handout via Xinhua)