Connect with us

Asia

ဂျပန်နိုင်ငံက နျူကလီးယား ညစ်ညမ်းမှုဖြစ်စေသော ရေဆိုးစွန့်ထုတ်မှုများကို တစ်နှစ်ပတ်လုံး လုပ်ဆောင်ခဲ့ခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား

ဂျပန်နိုင်ငံ ဖူကူရှီးမား စီရင်စုရှိ ပင်လယ်ပြင်ထဲသို့ နျူကလီးယား ညစ်ညမ်းမှုဖြစ်စေသော ရေဆိုးများ စွန့်ထုတ်သည့် အစီအစဉ်အား ပြည်သူများ ဆန္ဒပြနေပုံကို ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံက အကြီးအကျယ် ထိခိုက်ပျက်စီးနေသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ နျူကလီးယား ညစ်ညမ်းမှုဖြစ်စေသည့် ရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ထုတ်မှုများ စတင်ခဲ့ပြီး တစ်နှစ်အကြာတွင် ဂျပန်ပြည်သူများက တာဝန်မဲ့သော ထိုလုပ်ရပ်အပေါ် တိုကျိုမြို့၌ စုဝေးဆန္ဒပြခဲ့ကာ ပြည်တွင်းပင်လယ်စာ ထွက်ကုန်များ၏ ဂုဏ်သတင်းအား အပျက်သဘောသက်ရောက်မှု ဖြစ်စေသည့်အပေါ် အခြားနိုင်ငံများအား အပြစ်ပုံချခြင်းအတွက် ဂျပန်အစိုးရအား ဝေဖန်ပြစ်တင်ခဲ့သည်။
၎င်းစက်ရုံကို လည်ပတ်လုပ်ကိုင်နေသည့် တိုကျို လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယား ညစ်ညမ်းမှုဖြစ်စေသော ရေဆိုးများကို ပစိဖိတ်သမုဒ္ဒရာထဲသို့ တရားဝင် စွန့်ထုတ်မှုများ စတင်ခဲ့ပြီး တစ်နှစ်အကြာ ဩဂုတ် ၂၄ ရက်တွင် ဂျပန် အရပ်ဘက်အဖွဲ့အစည်းများက ဆန္ဒပြပွဲကို စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“သမုဒ္ဒရာထဲကို နျူကလီးယား ညစ်ညမ်းမှုဖြစ်စေတဲ့ ရေဆိုးတွေ စွန့်ထုတ်နေတာကို သူတို့ ချက်ချင်းရပ်မယ်လို့ မျှော်လင့်ပါတယ်။ အခု ဂျပန်အစိုးရနဲ့ TEPCO က ကျွန်တော်တို့ကို နှုတ်ပိတ်ခပေးပြီး နစ်နာကြေးပေးချင်နေတာပါ။ ငွေကြေးက အဓိကမကျပါဘူး။ ကျွန်တော်တို့ရဲ့ အဖြစ်ချင်ဆုံးဆန္ဒက ငါးဖမ်းသမားတွေ စိတ်ချမ်းသာစွာနဲ့ ဆက်ပြီးငါးဖမ်းနိုင်ဖို့နဲ့ ပင်လယ်စာထွက်ကုန်တွေ ဘေးကင်းဖို့ပါပဲ” ဟု ဦးဆောင်ဆန္ဒပြသူ တိုရှိဟိရို အိနိုအုအဲက ဆိုသည်။
“နျူကလီးယား စွန့်ပစ်ရေဆိုးတွေကို ပင်လယ်ထဲ စွန့်ထုတ်တာက ပင်လယ်ပြင်ကို ညစ်ညမ်းစေတယ်ဆိုတာ မငြင်းနိုင်တဲ့အချက်ပါ။ ဘယ်လောက်ပဲ အာနိသင်လျော့သွားပါစေ အဆက်မပြတ် စွန့်ထုတ်နေမယ်ဆိုရင် ပင်လယ်ထဲကို ညစ်ညမ်းပစ္စည်းတွေ အများကြီးစီးဝင်သွားမှာပါ။ လူတော်တော်များများက အဲဒါကိုသိလို့ တော်တော်ဒေါသထွက်နေကြတယ်” ဟု ဖူကူရှီးမား နျူကလီးယား ဖြစ်ရပ်ဆိုး၏ သားကောင်ဖြစ်ခဲ့ရသူ မိခါ ဆာခါဂုချိက ပြောကြားခဲ့သည်။
“နျူကလီးယား ယိုစိမ့်မှုဖြစ်တော့ ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှုတွေဖြစ်လာလို့ ကျွန်မရဲ့အိမ် ဖြိုချခံလိုက်ရပြီး နေအိမ်ကို ဆုံးရှုံးခဲ့ရတယ်။ ဂျပန်အစိုးရက ဆင်ဝှေ့ရန်ရှောင် လုပ်တဲ့နေရာမှာ သိပ်တော်တယ်လို့ ကျွန်မထင်တယ်။ တရားခံအစစ်က ကျိန်းသေပေါက် ဂျပန်ပါ။ တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကျွန်မတို့ ပြည်သူတွေက တကယ်နစ်နာသူတွေပါ” ဟု ၎င်းက ဆိုသည်။
ဂျပန်နိုင်ငံက လက်ရှိအချိန်အထိ ရေဆိုးစွန့်ထုတ်မှု ရှစ်ကြိမ်ပြုလုပ်ထားကာ ယမန်နှစ်အတွင်း စုစုပေါင်း ရေဆိုးစွန့်ထုတ်မှုပမာဏ တန်ချိန် ၆၃,၀၀၀ နီးပါးရှိကြောင်း သိရသည်။

ထို့အပြင် အကြီးအကျယ် ထိခိုက်ပျက်စီးနေသော နျူကလီးယားဓာတ်အားပေးစက်ရုံ၌ ဘေးကင်းလုံခြုံမှုဆိုင်ရာ မတော်တဆဖြစ်စဉ် အများအပြား တစ်နှစ်ပတ်လုံး ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံလူထုအကြား စိုးရိမ်မှုများနှင့် သံသယများ ကြီးထွားလာခဲ့ကြောင်းလည်း သိရသည်။ (Xinhua)
………………………………………..
(English Version)
STORY: Japan’s year-long nuclear-contaminated wastewater discharge sparks protests
A year after Japan started its ocean discharge of nuclear-contaminated wastewater from the crippled Fukushima Daiichi Nuclear Power Plant, Japanese citizens have gathered in Tokyo to protest the irresponsible move, while criticizing the Japanese government for shifting the blame for the negative impact on domestic seafood’s reputation onto other countries.
The protest organized by Japanese civil groups was held on Saturday, a year after the Tokyo Electric Power Company (TEPCO), or the plant’s operator, officially began discharging nuclear-contaminated water from the Fukushima Daiichi Nuclear Power Plant into the Pacific Ocean.
SOUNDBITE 1 (Japanese): TOSHIHIRO INOUE, Leader of protest
“We hope that they immediately stop discharging nuclear-contaminated water into the ocean.
Now the Japanese government and TEPCO want to compensate us with hush money. But I think it’s nothing to do with the money. Our most urgent desire is that fishermen can continue to fish with peace of mind, and the seafood is safe.”
SOUNDBITE 2 (Japanese): MIKA SAKAGUCHI, Victim of Fukushima nuclear disaster
“It is an indisputable fact that the discharge of nuclear-contaminated wastewater into the sea has polluted the sea. No matter how diluted, if the discharge continues, a lot of pollutants will flow into the sea.
A lot of people are aware of this and are very angry.
After the nuclear leak, I lost my home as it was demolished due to radiation contamination.
I think the Japanese government is good at evasive tactics. The real perpetrator is Japan for sure. Neighboring countries including China and our civilians are the real victims.”
Japan has conducted eight releases to date, with a total volume of approximately 63,000 tonnes of contaminated water discharged over the past year.
Additionally, multiple safety incidents occurred at the crippled plant throughout the year, triggering growing concern and doubt among the local public.
Xinhua News Agency correspondents reporting from Tokyo.
(XHTV)
People protest against the Japanese government’s plan to discharge nuclear-contaminated water into the sea in Fukushima, Japan, June 20, 2023. (Xinhua/Zhang Xiaoyu)