Connect with us

Asia

ဂျပန်နိုင်ငံ ကာဂိုရှီးမား စီရင်စုတွင် တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် ဝင်ရောက်တိုက်ခတ်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟနဲဒါ လေဆိပ်၌ စောင့်ဆိုင်းနေသော ခရီးသည်များအား ၂၀၂၄ ခုနှစ် ဩဂုတ် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမား စီရင်စု၌ အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် (Shanshan) ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာန (JMA) က ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အားအလွန်ကောင်းသည်ဟု သတ်မှတ်ထားသော ယခုနှစ်၏ ဒသမမြောက် တိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၅ ကီလိုမီတာခန့်နှုန်းဖြင့် ဆဆုမဆန်ဒိုင်းမြို့အနီး၊ မြောက်ဘက်သို့ ရွေ့လျားလျက်ရှိကြောင်း သိရသည်။

ဩဂုတ် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် အဆိုပါမုန်တိုင်းသည် မြောက်လတ္တီကျု ၃၁.၅၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၀.၅ ဒီဂရီ၌ မြောက်ဘက်သို့ ဖြည်းဖြည်းချင်း ရွေ့လျားလျက်ရှိကာ တစ်နာရီလျှင် ၁၅ ကီလိုမီတာရှိသည့် အမြန်နှုန်းကို ဆက်ထိန်းထားလျက်ရှိကြောင်း သိရသည်။

မုန်တိုင်းဗဟိုချက်ဖိအားသည် ၉၃၅ ဟက်တိုပါစကယ် ရှိနိုင်ကာ လေတိုက်နှုန်းနှင့် မုန်တိုင်းသက်ရောက်နိုင်သည့် ဧရိယာများမှာမူ အပြောင်းအလဲ သိပ်မရှိနိုင်ကြောင်း ဂျပန်မိုးလေဝသဌာန (JMA) က ဆက်လက်ခန့်မှန်းထားသည်။

ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှုကျွန်းတွင် စံချိန်တင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိကာ ကာဂိုရှီးမား စီရင်စု အနှံ့အပြားတွင် လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် JMA က အထူးသတိပေးချက်များ ထုတ်ပြန်ထားသည်။

တိုင်ဖွန်းမုန်တိုင်း အခြေအနေနှင့် ပတ်သက်၍ နောက်ဆုံးရသတင်းများကို အမြဲမပြတ် စောင့်ကြည့်ရန်နှင့် ဘေးကင်းလုံခြုံမှုရှိရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုအားလုံးကို လုပ်ဆောင်ကြရန်လည်း ဒေသခံများကို တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
Typhoon Shanshan makes landfall in Japan’s Kagoshima
TOKYO, Aug. 29 (Xinhua) — Powerful storm Shanshan has made its landfall in the southwestern Japanese prefecture of Kagoshima, the Japan Meteorological Agency (JMA) said on Thursday.

The 10th typhoon of the year, classified as “very strong” , is moving northward near Satsumasendai city at about 15 kilometers per hour.

By 8:00 a.m. local time, the cyclone had moved slightly north to 31.55 degrees north latitude and 130.05 degrees east longitude, maintaining its speed of 15 kilometers per hour.

The JMA continues to estimate the central pressure at 935 hPa, with wind speeds and affected areas remaining largely unchanged.

With record-breaking rainfall already affecting southern Kyushu, the JMA has issued special warnings for violent winds, high waves, and storm surges across Kagoshima prefecture.

Residents are urged to stay updated on the latest typhoon information and take all necessary precautions to ensure their safety. Enditem

English Caption
Passengers wait at Haneda Airport in Tokyo, Japan, Aug. 16, 2024.(Xinhua/Zhang Xiaoyu)