Connect with us

Asia

ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ကြောင့် လူသုံးဦးသေဆုံး၊ ၈၂ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟာနဲဒါလေဆိပ်တွင် စောင့်ဆိုင်းနေသော ခရီးသည်များကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စုတွင် ဩဂုတ် ၂၉ ရက်က တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်ခြင်းကြောင့် လူသုံးဦး သေဆုံးပြီး ၈၂ ဦး ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
အိုက်ချီစီရင်စု၊ ဂါမာဂိုရီမြို့တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပူနွေးစွတ်စိုသောလေကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများ၌ ဖော်ပြထားသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းကြောင့် ဩဂုတ် ၂၉ ရက် ဒေသစံတော်ချိန် ညနေ ၅:၅၀ နာရီအထိ မီယာဇာကီနှင့် ကာဂိုရှီးမား စီရင်စုများ၌ ဒဏ်ရာရသူ ၇၉ ဦးနှင့် Mie စီရင်စု၌ ဒဏ်ရာရသူတစ်ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကာဂိုရှီးမားစီရင်စုအနီး ဘေးလွတ်ရာသို့သွားရောက်သော အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ လှေပေါ်မှပြုတ်ကျပြီး ပျောက်ဆုံးနေကြောင်း သိရသည်။
ရှန်ရှန်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင်မူ အားလျော့သွားခဲ့ပြီဖြစ်ပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့သလို လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှုများ ပြတ်တောက်ခဲ့သည်။
ယင်းမုန်တိုင်းကြောင့် ထောက်ပံ့သယ်ပို့ဆောင်ရေးနှင့် ပစ္စည်းပေးပို့မှုလုပ်ငန်းများအပေါ် သိသိသာသာ သက်‌ရောက်မှုရှိခဲ့ပြီး ကာဂိုရှီးမားနှင့် မီယာဇာကီ စီရင်စုများရှိ ဈေးဝယ်စင်တာနှင့် လက်လီအရောင်းဆိုင် ၉၀၀ ကျော် ယာယီပိတ်ထားရသည်ဟု ဆိုသည်။
အဆိုပါ ရှန်ရှန်တိုင်ဖွန်းမုန်တိုင်းသည် ဩဂုတ် ၃၀ ရက်တွင် အရှေ့ဘက်သို့ ဖြည်းဖြည်းချင်းရွေ့လျားမည်ဟု ခန့်မှန်းထားပြီး နောက်ထပ်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း အပါအဝင် ဆိုးရွားသောရာသီဥတုအခြေအနေများ ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန် အာဏာပိုင်များက အကြံပြုထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
3 dead, 82 injured as Typhoon Shanshan hits Japan
TOKYO, Aug. 29 (Xinhua) — Typhoon Shanshan, which made its landfall on Thursday in the southwestern Japanese prefecture of Kagoshima, has brought heavy rain and strong winds that left three people dead, 82 injured and one missing.
A landslide in Gamagori city of the central prefecture of Aichi, caused by the warm, moist air from the typhoon on Tuesday night, left three people dead and two injured, according to local media reports.
As of 5:50 p.m. local time on Thursday, the powerful storm had injured 79 people in the prefectures of Miyazaki and Kagoshima, and one person in Mie prefecture.
Meanwhile, a man in his 60s fell overboard while seeking refuge near Kagoshima and remains missing.
Shanshan, which weakened after making landfall at around 8 a.m. local time, has disrupted communication services, and caused widespread power and water outages.
The typhoon also significantly impacted logistics and delivery services, with more than 50 supermarkets and over 900 convenience stores temporarily closed in Kagoshima and Miyazaki.
Typhoon Shanshan is expected to move slowly eastward starting Friday and potentially cause further disruptions, and authorities have advised the public to stay alert for severe weather conditions including heavy rain.
Photo: Passengers wait at Haneda Airport in Tokyo, Japan, Aug. 16, 2024. (Xinhua/Zhang Xiaoyu)