Connect with us

Europe

ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံသို့ IAEA အကြီးအကဲ သွားရောက်စစ်ဆေးမည်

ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံအား ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်တွင် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)
ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံ (ZNPP) ၏ နျူကလီးယားဆိုင်ရာ ဘေးကင်းမှု အခြေအနေမှာ စိုးရိမ်ဖွယ်ကောင်းနေဆဲ ဖြစ်သည့်အတွက် ၎င်းဓာတ်အားပေးစက်ရုံသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲက ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေး ဂရော့ဆီက ၎င်း၏ခရီးစဉ်အတွင်း အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံ၌ ဖြစ်ပေါ်နေသော အခြေအနေများကို ဆန်းစစ်အကဲဖြတ်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယင်းဓာတ်အားပေးစက်ရုံ၏ အအေးခံတာဝါ မီးလောင်မှုဖြစ်ပွားခြင်းနှင့် ယခုလအစောပိုင်းတွင် ယင်းစက်ရုံအနီး၌ ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းတို့သည် လတ်တလော အလွန်စိုးရိမ်စရာကောင်းသည့် ဖြစ်ရပ်များ ဖြစ်သည်ဟု ဂရော့ဆီက ပြောကြားခဲ့ပြီးနောက်တွင် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
“နျူကလီးယား မတော်တဆမှုကို မဖြစ်ဖြစ်တဲ့နည်းနဲ့ တားဆီးရမှာပါ။ နျူကလီးယား ဓာတ်အားပေးစက်ရုံကို လုံးဝတိုက်ခိုက်လို့မရပါဘူး။ အကျိုးဆက်က သိပ်ကိုဆိုးရွားနိုင်ပြီး အဲဒီလုပ်ရပ်ကြောင့် ဘယ်သူမှလည်း အကျိုးမရှိနိုင်ပါဘူး” ဟု ဂရော့ဆီက သတိပေးခဲ့ပြီး နျူကလီးယားဆိုင်ရာ ဘေးကင်းမှုကို ကာကွယ်စောင့်ရှောက်ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားဆဲ ဖြစ်သည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံရှိ တာဝန်ကျ IAEA ကျွမ်းကျင်ပညာရှင်များသည် ပေါက်ကွဲသံများနှင့် အခြားစစ်ရေးလှုပ်ရှားမှု လက္ခဏာများကို ကြားသိရဆဲဖြစ်ကြောင်း၊ ရံဖန်ရံခါတွင် ထိုစက်ရုံအနီး၌ပင် ကြားနေရခြင်းဖြစ်ကြောင်း ဩဂုတ် ၂၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ၏ ထိရှလွယ်မှု မြင့်တက်လာခြင်းနှင့် ၎င်းနိုင်ငံအတွင်း လည်ပတ်လျက်ရှိသော နျူကလီးယား ဓာတ်အားပေးစက်ရုံများ၏ ဘေးကင်းမှုအပေါ် သက်ရောက်နိုင်သည့် အလားအလာတို့အတွက် စိုးရိမ်မှုများတိုးလာကြောင်းလည်း ဂရော့ဆီက ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
IAEA chief to visit Zaporizhzhia nuclear plant
VIENNA, Aug. 29 (Xinhua) — The head of the International Atomic Energy Agency (IAEA) said Thursday that he will visit the Zaporizhzhia nuclear power plant (ZNPP) next week as nuclear safety situation there “remains precarious.”
IAEA Director-General Rafael Grossi said in a statement that he will hold high-level talks and assess developments at the ZNPP during his visit.
Grossi’s visit comes after what he called “recent deeply concerning incidents” at the ZNPP, including a fire that broke out at the plant’s cooling tower and a drone strike close to the facility earlier this month.
“A nuclear accident must be avoided at all costs, and a nuclear power plant must never be attacked. The consequences could be disastrous, and no one stands to benefit from it,” Grossi warned, adding that he remains determined to protect nuclear safety.
According to Thursday’s statement, IAEA experts stationed at the ZNPP have “continued to hear explosions and other indications of military activities, at times near the plant itself.”
Grossi also expressed increasing concerns over the growing vulnerability of Ukraine’s energy infrastructure and its potential impact on the safety of the country’s operating nuclear power plants. Enditem
English Caption
This photo taken on March 29, 2023 shows the Zaporizhzhia nuclear power plant in southern Ukraine. (Photo by Victor/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.