Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မနီလာ၌ အဆောက်အအုံ မီးလောင်မှုဖြစ်ပွား၊ လူ ၁၁ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မီးလောင်မှုဖြစ်ပွားသော နေရာတွင် မီးလောင်မှုကြောင့် ဖြတ်သန်းသွားလာခြင်းမပြုရန် တိပ်များဖြင့် တားဆီးထားသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ငါးထပ်ပါ စီးပွားရေးဆိုင်ရာ လူနေအဆောက်အအုံတစ်ခု ဩဂုတ် ၁ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားရာ လူ ၁၁ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ပြောကြားသည်။
ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၃၀ မတိုင်မီ မီးလောင်မှုကြောင့်အဆောက်အအုံအတွင်း ပိတ်မိခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း မီးဘေးကာကွယ်ရေးဌာနက ပြောကြားသည်။ မီးသတ်သမားများက နှစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်မှုကြောင့် အဆောက်အအုံပိုင်ရှင်၏ဇနီး သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို တတိယထပ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ပထမထပ်ရှိ ကင်န်တင်း၌ ဓာတ်ငွေ့ကန် ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း အဆောက်အအုံလုံခြုံရေးဝန်ထမ်းက ဆိုသည်။

မီးဘေးကာကွယ်ရေးဌာနက မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်မပြုနိုင်သေးပေ။ (Xinhua)


……………………..
(English Version)
11 killed after fire hits building in Philippines’ Manila
MANILA, Aug. 3 (Xinhua) — At least 11 people were killed after a fire broke out early Friday morning in a five-level commercial and residential building in Manila City in the Philippine capital, authorities said.
Village Councilor Nelson Ty said that the Bureau of Fire Protection confirmed to him that 11 people died after they were trapped inside the building gutted by the fire that broke out before 7:30 a.m. local time. It took firefighters two hours to put out the fire.
Among the dead was the wife of the building owner, whose body was found on the third floor, Ty added.
A building security guard told reporters at the site that a liquified gas petroleum tank in the canteen on the first floor exploded, triggering the fire.
However, the bureau, which is conducting an investigation, has yet to confirm the cause of the deadly fire.■

Fire barricade tapes are seen on the site of a fire in Manila, the Philippines, on Aug. 2, 2024. (Xinhua/Rouelle Umali)