Connect with us

Asia

စိုးရိမ်မှုများ ရှိနေသည့်တိုင် ၂၀၂၅ ခုနှစ်အတွက် စံချိန်တင် ကာကွယ်ရေးဘတ်ဂျက်အား ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန တောင်းခံ

ဂျပန်အစိုးရ၏ ကာကွယ်ရေးအသုံးစရိတ် အစီအစဉ်များအပေါ် တိုကျိုမြို့၌ လူများ ဆန္ဒပြနေပုံကို ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်အတွက် စံချိန်တင် ကာကွယ်ရေးဘတ်ဂျက်အဖြစ် ယန်း ၈.၅၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၉ ဘီလီယံခန့်) တောင်းခံခဲ့ကြောင်း သိရသည်။
ဩဂုတ် ၃၀ ရက်တွင် အဆိုပြုခဲ့သည့် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်တောင်းခံမှုသည် ယန်း ၈ ထရီလီယံပမာဏအား ပထမဆုံးအကြိမ် ကျော်လွန်သွားခြင်းဖြစ်ကာ စစ်ရေးစွမ်းရည်များကို တိုးမြှင့်ရန် ဂျပန်အစိုးရက ပိုမိုပြင်းပြင်းပြပြ အာရုံစိုက်လာခြင်းကို ထင်ဟပ်စေသည်။
ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်သည် ဂျပန်နိုင်ငံ၏ တန်ပြန်တိုက်ခိုက်ရေး စွမ်းရည်များဟုဆိုသည့် စွမ်းရည်များကို မြှင့်တင်ရန် သိသိသာသာ အလေးထားလျက်ရှိသည်ကို ဂျပန်ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်များက ညွှန်ပြလျက်ရှိသည်။
တာဝေးပစ်ဒုံးကျည်အမျိုးမျိုးအား အမြောက်အမြားထုတ်လုပ်ခြင်းနှင့် ဖြန့်ကြက်ခြင်း အပါအဝင် ဂျပန်နိုင်ငံ၏ တာဝေးကာကွယ်ရေး စွမ်းရည်များကို တိုးမြှင့်ရန်အတွက် ယန်း ၉၇၀ ဘီလီယံ ခွဲဝေသတ်မှတ်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။
စစ်သင်္ဘောများ၊ ယာဉ်များနှင့် ဒုံးကျည်များကို ခြေရာခံနိုင်သည့် ဂြိုဟ်တုငယ်အများအပြားအား ဖြန့်ကြက်ရန် ရည်ရွယ်လျက် ဂြိုဟ်တုအစုအဝေး စနစ်တစ်ခု တည်ဆောက်ရန် နောက်ထပ် ယန်း ၃၂၃. ၂ ဘီလီယံအား သီးသန့်ဖယ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး ကြည်းတပ်အတွက် အလိုအလျောက် ဖောက်ခွဲဖျက်ဆီးနိုင်သော ဒရုန်းများ ဖြန့်ကြက်အသုံးပြုနိုင်ရန် ယန်း ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ စစ်ရေးစွမ်းရည်အား ချဲ့ထွင်ရန် အဆိုပြုထားသော ယင်းအစီအစဉ်ကြောင့် ပြည်တွင်း၌သာမက နိုင်ငံတကာတွင်လည်း စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ရန်သူ့အခြေစိုက်စခန်းများအား တိုက်ခိုက်နိုင်စွမ်းကို တည်ဆောက်ရန် ဂျပန်နိုင်ငံက အင်တိုက်အားတိုက် လုပ်ဆောင်နေခြင်းသည် မိမိကိုယ်ကိုယ်ကာကွယ်ရေး မူဝါဒကိုသာ အစဉ်တစိုက် အလေးပေးကျင့်သုံးသည့် စစ်ပြီးခေတ် စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေမှ ခွဲထွက်လာသော လက္ခဏာဖြစ်သည်ဟု ဂျပန်သတင်းစာ တိုကျိုရှင်ဘွန်း (Tokyo Shimbun) က ဆိုသည်။
ထိုအရွေ့ကြောင့် ဒေသတွင်း၌ စစ်လက်နက် အပြိုင်အဆိုင်တပ်ဆင်မှုများ ပေါ်ပေါက်စေဖွယ်ရှိကာ ဒေသတွင်း လုံခြုံရေးအခင်းအကျင်းအား မတည်မငြိမ်ဖြစ်စေနိုင်သည်ဟု ရှုမြင်ခံရလျက်ရှိသည်။
ဝေဖန်ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည့်ကြားတွင် ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ၏ အစိုးရက အမျိုးသားလုံခြုံရေး မဟာဗျူဟာ အပါအဝင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများကို ၂၀၂၂ နှစ်ကုန်ပိုင်း၌ မွမ်းမံပြင်ဆင်မှုများ မလျှော့စတမ်း ပြုလုပ်ခဲ့သည်။
ဂျပန်အစိုးရသည် ၂၀၂၃ မှ ၂၀၂၇ ဘဏ္ဍာနှစ်အထိ ကာကွယ်ရေးအသုံးစရိတ်အဖြစ် ယန်း ၄၃ ထရီလီယံခန့် ခွဲဝေသတ်မှတ်ရန်လည်း လျာထားလျက်ရှိကာ ထိုပမာဏသည် လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း သုံးစွဲခဲ့သော ပမာဏ၏ ၁.၆ ဆနီးပါး ရှိနေသည်ဟု သိရသည်။ (Xinhua)
……………………………..
(English Version)
Japan requests record defense budget for fiscal 2025 despite concerns
TOKYO, Aug. 31 (Xinhua) — Japan’s Ministry of Defense has submitted a record-breaking defense budget request of 8.54 trillion yen (about 59 billion U.S. dollars) for the fiscal year of 2025.
The request on Friday marked the first time the country’s defense budget request has surpassed the 8-trillion-yen mark, reflecting the government’s intensified focus on enhancing its military capabilities.
Local media reports showed that the defense budget for the fiscal period that begins in April places significant emphasis on boosting Japan’s so-called “counterattack capabilities.”
The defense ministry plans to allocate 970 billion yen to enhance Japan’s long-range defense capabilities, which include the deployment and mass production of various long-range missiles.
An additional 323.2 billion yen would be set aside for the development of a satellite constellation system that aims to deploy multiple small satellites capable of detecting and tracking warships, vessels, and missiles.
Furthermore, 3 billion yen would be invested in deploying self-destruct drones for Japan’s Ground Self-Defense Force.
The proposed expansion of Japan’s military capabilities has raised concerns domestically and internationally. Japan’s push to develop the capability to strike enemy bases marks a departure from its post-war pacifist constitution, which adheres to an “exclusively defense-oriented policy,” according to Japanese newspaper Tokyo Shimbun.
Such a shift is seen as potentially sparking an arms race in the region, which could destabilize the regional security landscape, the report added.
At the end of 2022, the Fumio Kishida government, despite widespread opposition, forcefully updated three security and defense-related documents, including the National Security Strategy.
The government also plans to allot about 43 trillion yen to defense outlays from fiscal 2023 through 2027, nearly 1.6 times the amount over the previous five-year period. (1 U.S. dollar equals 146.21 Japanese yen) Enditem
English Caption
People participate in a protest against the government’s defense spending plans in Tokyo, Japan, March 28, 2023. (Xinhua/Jiang Qiaomei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.