Connect with us

International Organizations

တရုတ်နိုင်ငံက ဂါဇာတွင် ကူညီပေးနေသော ကုလသမဂ္ဂအေဂျင်စီထံ အမေရိကန်‌ဒေါ်လာ ၃ သန်း လှူဒါန်း

West Bank ရှိ Nablus မြို့၊ Balata ဒုက္ခသည်စခန်းအတွင်း နေအိမ်၌ တွေ့ရသော ပါလက်စတိုင်း ဒုက္ခသည်းကလေးငယ်များကို ၂၀၂၂ ခုနှစ် မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဂါဇာဒေသတွင် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုးကူညီရန် Near East ရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအေဂျင်စီ (UNRWA) ထံ အမေရိကန်ဒေါ်လာ ၃ သန်း ဩဂုတ် ၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။ပါလက်စတိုင်းဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရုံး အကြီးအကဲ Zeng Jixin နှင့် UNRWA ဒုတိယကော်မရှင်နာ (Operational Support) Antonia Marie De Meo တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် UNRWA တွင် ၎င်း၏အခန်းကဏ္ဍကို တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အေဂျင်စီ၏ လုပ်ငန်းကို ပံ့ပိုးကူညီရန် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တိုက်တွန်းကြောင်း Zeng က ဆိုသည်။ တရုတ်နိုင်ငံသည် ယမန်နှစ် ဂါဇာပဋိပက္ခဖြစ်ပွားပြီးနောက် အရေးပေါ်ငွေကြေးအကူအညီများကို အေဂျင်စီထံ ပေးအပ်ခဲ့ကြောင်းလည်း Zeng က ပြောခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် အကောင်အထည်ဖော်ရေး၊ ဂါဇာဒေသတွင် တိုက်ခိုက်မှုများ ဆောလျင်စွာအဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လုပ်ဆောင်ရေး၊ ဆိုးရွားသောလူသားချင်းစာနာမှုအခြေအနေကို လျှော့ချ‌ရေးနှင့် နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းကို အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Zeng က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China donates 3 mln USD to UN agency for aid in Gaza
RAMALLAH, Aug. 4 (Xinhua) — China on Thursday donated 3 million U.S. dollars to the United Nations Relief and Works Agency for Palestine Refugees in the Near East (UNRWA) to support its emergency humanitarian efforts in Gaza.
Zeng Jixin, head of Office of the People’s Republic of China to the State of Palestine, signed the contribution agreement with Deputy Commissioner General (Operational Support) of the UNRWA Antonia Marie De Meo, the office said in a statement.
China has always supported the UNRWA’s active performance of its duty, and called on the international community to support the agency’s work, Zeng said, adding that China had provided emergency cash assistance to the agency after the outbreak of the Gaza conflict last year.
China will continue to implement the Global Security Initiative and work with the international community to end the fighting in Gaza at an early date, ease the disastrous humanitarian situation, and implement the two-state solution, Zeng said.
Photo: Palestinian refugee children are seen inside their house at Balata refugee camp in the West Bank city of Nablus, March 16, 2022. (Photo by Ayman Nobani/Xinhua)