Connect with us

Africa & Middle East

ဂါဇာပဋိပက္ခ ပိုမိုဆိုးဝါးလာသဖြင့် ရာဖာနယ်စပ်ဖြတ်ကျော်လမ်းတွင် လူသားချင်းစာနာမှုအကူအညီများ ပိတ်မိနေ

ရာဖာနယ်စပ်ဖြတ်ကျော်လမ်း အီဂျစ်နိုင်ငံဘက်ခြမ်းတွင် ရပ်နားထားသော လူသားချင်းစာနာမှုအကူအညီ ထရပ်ကားများကို ၂၀၂၄ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာဖာ၊ အီဂျစ်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

ပူပြင်းသောနေရောင်အောက်တွင် အီဂျစ်ယာဉ်မောင်းတစ်ဦးဖြစ်သော မိုဟာမက် အဗ္ဗဒဲလ်ဖတ်တာသည် ဆေးဝါးများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသော ၎င်း၏ ထရပ်ကားကို ရာဖာနယ်စပ်ဖြတ်ကျော်လမ်းမှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ရန် စိတ်စောလျက်ရှိသည်။ ယင်းနယ်စပ်ဖြတ်ကျော်လမ်းကို မေလအစောပိုင်းက အစ္စ‌ရေးဘက်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။
“နယ်စပ်ဖြတ်ကျော်လမ်းပိတ်ထားပြီး တစ်ပတ်လောက်မှ ကျွန်တော်ရောက်နေတာပါ” ဟု ကိုင်ရိုမှ အသက် ၅၀ နှစ်အရွယ် ထရပ်ကားမောင်းသူ အဗ္ဗဒဲလ်ဖတ်တာက ရာဖာနယ်စပ်ဖြတ်ကျော်လမ်း အီဂျစ်နိုင်ငံဘက်ခြမ်းအနီး ရပ်နားထားသော ထရပ်ကားနံဘေးထိုင်လျက် ဆင်ဟွာကို ပြောခဲ့သည်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာမှုနှင့် ထောက်ပံ့ရေးအကူအညီများ ပို့ဆောင်ရာအဓိကဂိတ်ဖြစ်သော ရာဖာနယ်စပ်ဖြတ်ကျော်လမ်း ပါလက်စတိုင်းဘက်ခြမ်းကို “စစ်ဆင်ရေးအရ” ထိန်းချုပ်လိုက်ကြောင်း မေ ၇ ရက်က ကြေညာခဲ့သည်။
“ကျွန်တော်တို့ ထရပ်ကားပေါ်မှာပဲ အိပ်ကြရတယ်။ နွေနေပူဒဏ်ကိုလည်း ခံစားရတယ်။ ဒါပေမဲ့ ဒီအကူအညီတွေ လူတွေဆီပေးအပ်နိုင်ဖို့ ဂါဇာထဲဖြတ်သန်းခွင့်ရဖို့ မျှော်လင့်နေပါတယ်” ဟု အဗ္ဗဒဲလ်ဖတ်တာက ဆိုသည်။
၎င်း၏ ထရပ်ကားသည် ဆေးဝါးပစ္စည်းများနှင့် ယာယီတဲများကို အဓိကတင်ဆောင်ထားသည်။ သို့ရာတွင် ၎င်း၏မိတ်ဆွေများ သယ်ဆောင်လာသော ကုန်ပစ္စည်းများမှာ အပူဒဏ်ကြောင့် ပျက်စီးသွားသည်ကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/VUD


……………………………………..

(English Version)
Humanitarian aid stuck at Rafah crossing as Gaza crisis worsens
RAFAH, Egypt, Aug. 7 (Xinhua) — Amidst the scorching summer heat, Egyptian driver Mohammed Abdel-Fattah waits anxiously to deliver his truck, loaded with medical and humanitarian aid, into the Gaza Strip through the Rafah crossing, which has been closed since Israel occupied its Palestinian side in early May.
“I arrived one week after the crossing was closed,” Abdel-Fattah, the 50-year-old truck driver from Cairo, told Xinhua as he sat next to his truck near the Egyptian side of the Rafah crossing.
On May 7, the Israeli army announced the imposition of “operational” control over the Palestinian side of the crossing, a main gateway for delivering humanitarian and relief assistance into the enclave.
“We sleep in our trucks and we suffer from the high summer temperatures, but we still hope to cross into Gaza to deliver the aid to its people,” Abdel-Fattah said.
His truck carries mainly medical supplies and tents. However, many of his peers, transporting food, have seen their goods spoil in the heat.
Photo 1: Humanitarian aid trucks are seen at the Egyptian side of the Rafah crossing on Aug. 7, 2024. (Photo by Ali Moustafa/Xinhua)