Connect with us

Science & Technology

တရုတ်နိုင်ငံထုတ် AG600 အမျိုးအစား ကုန်းရေနှစ်သွယ်သုံး လေယာဉ် ထောက်ခံချက် ရရန် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု အောင်မြင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဆန်ရှီးပြည်နယ်၊ ဖူချိန်ခရိုင်ရှိ လေယာဉ်စမ်းသပ်ပျံသန်းရေးစခန်း၌ တရုတ်နိုင်ငံထုတ် AG600 အမျိုးအစား ကုန်းရေနှစ်သွယ်သုံး လေယာဉ်ကြီးအား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ AG600 အမျိုးအစား ကုန်းရေနှစ်သွယ်သုံး လေယာဉ်ကြီးသည် ထောက်ခံချက် ရရန် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာဖြင့် အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) က ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၃၀ ရက်တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဆန်ရှီးပြည်နယ်၊ ဖူချိန်ခရိုင်ရှိ အရပ်ဘက်သုံးလေယာဉ် စမ်းသပ်ပျံသန်းရေးစင်တာ၌ AG600 လေယာဉ်၏ ပျံသန်းမှုအမြန်နှုန်းကို စံကိုက်ချိန်ညှိခြင်းလုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (AVIC) က ဆိုသည်။
ဩဂုတ် ၃၀ ရက် စမ်းသပ်ပျံသန်းမှုအား တရုတ်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က စေလွှတ်ခဲ့သည့် လေယာဉ်ပျံသန်းမှုဆိုင်ရာ စိစစ်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျံသန်းမှုအမြန်နှုန်းအား စံကိုက်ချိန်ညှိသည့် စမ်းသပ်ပျံသန်းမှုသည် လေယာဉ်ပျံသန်းစဉ်အတွင်း အဆိုပါလေယာဉ်၏ ပတ်ဝန်းကျင်လေထုအခြေအနေ ကန့်သတ်ချက်များကို တိတိကျကျ လေ့လာတွက်ချက်နိုင်စေကြောင်း သိရသည်။ ထိုစမ်းသပ်မှုသည် လေယာဉ်၏ စွမ်းဆောင်ရည်နှင့် ဘေးကင်းလုံခြုံမှု စိတ်ချသေချာစေရေးအတွက် အလွန်အရေးပါသကဲ့သို့ အဆိုပါ လေယာဉ်အမျိုးအစားသစ်အား အတည်ပြုထောက်ခံချက်ပေးနိုင်ရန်နှင့် ပြေးဆွဲအသုံးပြုနိုင်ရန်အတွက်လည်း အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း AVIC က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေး စွမ်းရည်များကို ခိုင်မာအားကောင်းစေရန်အတွက် အခရာကျသော အဆင့်မြင့် လေကြောင်းသယ်ယူပို့ဆောင်ရေး အသုံးအဆောင်အဖြစ် AG600 ကုန်းရေနှစ်သွယ်သုံး လေယာဉ်ကြီး အမျိုးအစားအား တီထွင်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း မြေပြင်အခြေအနေအမျိုးမျိုးတွင် မီးငြှိမ်းသတ်ရေးနှင့် ပင်လယ်ရေကြောင်း ရှာဖွေကယ်ဆယ်ရေးကဲ့သို့ ကယ်ဆယ်ရေးမစ်ရှင်များ လုပ်ဆောင်ရာတွင် အံဝင်ခွင်ကျဖြစ်စေရန် အဆိုပါ လေယာဉ်ကို တည်ဆောက်ထားခြင်းဖြစ်ကြောင်း AVIC ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
—————————–
(English Version)
China’s AG600 amphibious aircraft completes first subject of certification flight test
BEIJING, Aug. 31 (Xinhua) — China’s AG600 large amphibious aircraft has successfully completed the first subject of the certification flight test, the Aviation Industry Corporation of China (AVIC) announced on Saturday.
The AG600 aircraft carried out the subject of airspeed calibration on Friday at a civil aircraft flight test center in Pucheng in northwest China’s Shaanxi Province, said the AVIC, China’s leading aircraft manufacturer.
Friday’s flight test was conducted by a flight-test crew sent by the Chinese civil aviation authority.
The subject of airspeed calibration flight test can accurately obtain and process the parameters of the aircraft’s surrounding atmospheric environment during flight. It is crucial for ensuring the aircraft’s performance and safety, and is also a necessary step for this type of new aircraft to be certified and then put into operation, the AVIC said.
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.