Connect with us

Africa & Middle East

ပြည်တွင်း၌ အဆင့်မြှင့်ထားသော M60 တင့်ကားအမျိုးအစားအား အီရန် ထုတ်ဖော်ပြသ

အီရန်နိုင်ငံ တောင်ပိုင်း၊ အိုမန်ပင်လယ် ကမ်းရိုးတန်းဆီမှ ဒုံးကျည်တစ်စင်း ပစ်လွှတ်နေပုံအား ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် အီရန်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံက ထိန်းချုပ်ရလွယ်ကူမှု ပိုမြင့်မားကာ အဖျက်စွမ်းအားပိုပြင်းသော ပြည်တွင်း၌ အဆင့်မြှင့်ထားသည့် M60 တင့်ကားအမျိုးအစားအား စက်တင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန IRNA က ဖော်ပြခဲ့သည်။
မြို့တော် တီဟီရန်၌ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် အဆိုပါ တင့်ကားအမျိုးအစားကို ထုတ်ဖော်ပြသခဲ့ကာ အီရန်ကြည်းတပ်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီရန်ကြည်းတပ်က ပိုင်ဆိုင်သည့် တီဟီရန်အခြေစိုက် ထုတ်လုပ်ရေးနှင့် မွမ်းမံပြင်ဆင်ရေးဌာနမှ ပြည်တွင်းကျွမ်းကျင်ပညာရှင်များက ယင်းတင့်ကားအမျိုးအစားအား ထိထိရောက်ရောက် မွမ်းမံကာ အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်းလည်း IRNA က ဖော်ပြခဲ့သည်။
အဆိုပါ တင့်ကားတွင် လက်နက်ပစ်ခတ်မှု ထိန်းချုပ်စနစ်၊ ပင်မအမြောက်၏ ချိန်ခွက်ဖြင့်ချိန်ရသော စက်သေနတ်နှင့် ကွပ်ကဲသူအတွက် စက်သေနတ် တင်ဆောင်ထားသော နှစ်ဒီဂရီအထိ လိုအပ်သလိုရွေ့လျားနိုင်သော စင်တစ်ခုတို့ကိုလည်း တပ်ဆင်ထားသည်ဟု IRNA ၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ကွပ်ကဲသူအတွက် အမြောက်ဆုံလည်သစ်တစ်ခု၊ တန်ပြန်ဖောက်ခွဲနိုင်သော အပြင်ကာသံချပ်လွှာ၊ အနီအောက်ရောင်ခြည်သုံး ရေဒီယိုလှိုင်းဖိဖျက်စနစ်၊ ဆက်သွယ်ရေးနှင့် ခေတ်မီစစ်ဆင်ရေး တန်ပြန်မှုစနစ်များ၊ မီးခိုးဗုံးများ၊ အနောက်၊ အရှေ့နှင့် ဘေးကြည့် ကင်မရာများ၊ မီးသတိပေးရေးနှင့် ငြှိမ်းသတ်ရေးစနစ်များ တပ်ဆင်ထားကြောင်းလည်း IRNA က ဆိုသည်။
အဆိုပါ တင့်ကားသည် မောင်းနှင်ရွေ့လျားနေစဉ်မှာပင် ပစ်မှတ်များကို ထိမှန်အောင်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း၊ ညကြည့်ကင်မရာများကိုလည်း တပ်ဆင်ထားကြောင်း အစိုးရဖက်စပ် သတင်းဌာနဖြစ်သည့် Fars က ဖော်ပြခဲ့သည်။ (Xinhua)

…………………..
(English Version)
Iran unveils domestically upgraded M60 tank
TEHRAN, Sept. 1 (Xinhua) — Iran on Sunday unveiled a domestically upgraded version of the M60 tank, which features higher maneuverability and destructive power, the official news agency IRNA reported.
The tank was unveiled and delivered to the Iranian army’s ground force in a ceremony in the capital, Tehran, according to the report.
It added that the tank is optimized and upgraded by domestic experts at a Tehran-based production and renovation center belonging to the army’s ground force.
According to IRNA, the tank is equipped with a weaponry fire control system, a coaxial machine gun, and a two-degree-of-freedom motion platform carrying a commander’s machine gun.
IRNA said it is also armed with a new commander’s turret, reactive armor, infrared jamming, telecommunication and anti-modern warfare systems, smoke grenades, and rear-, front-and side-view cameras, as well as fire alarm and suppression systems.
The semi-official Fars news agency reported that the tank is capable of targeting and hitting targets while moving and is also equipped with night vision cameras. Enditem
English Caption
In this file photo, a missile is launched during an Iranian naval drill from the coastline of the sea of Oman in southern Iran on Jan. 1, 2013.(Xinhua/IRNA News Agency)