Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် မြစ်ရေလျှံမှုကြောင့် ရေနစ်မြုပ်မှုများဖြစ်ပေါ်

ရေဘေးသင့်ဒေသတစ်ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းသည် စက်တင်ဘာ ၁၀ ရက်က စိုးရိမ်ဖွယ်ရေမှတ်ကို ကျော်လွန်သွားကာ မြို့အတွင်းသို့ ချောင်းရေလျှံကျမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာဖော်ပြချက်အရ သိရသည်။
ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့ရှိ ရပ်ကွက် ၈ ခုမှ လူဦးရေ ၃,၈၃၈ ဦး ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သတင်း၌ ဖော်ပြထားသည်။
ယင်းမြို့ရှိ ဘောလုံးကွင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနှင့် အခြားအဖွဲ့အစည်းများက ကူညီဆောင်ရွက်လျက်ရှိပြီး အစားအစာနှင့် သောက်သုံးရေ စသဖြင့် လိုအပ်သောအရာများကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းအရ သိရသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ လုံးဝရေနစ်မြုပ်သွားပြီဖြစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အဓိကပို့ဆောင်သွားလာရေးများအပေါ်လည်း ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆင်ဟွာကို ပြောခဲ့သည်။
ထို့ပြင် တာချီလိတ်မြို့အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ အင်တာနက်နှင့် ဖုန်းအဆက်အသွယ်များလည်း ပြတ်တောက်လျက်ရှိကြောင်း ယင်းဒေသခံက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ရှမ်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ချင်း၊ ကရင်နှင့် ရခိုင် အပါအဝင် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ အားကောင်းသော မုတ်သုံအခြေအနေနှင့် ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

……………………..
(English Version)
Flooding hits eastern Myanmar’s Shan state after river overflows
YANGON, Sept. 11 (Xinhua) — A severe flooding hit Tachileik town in Shan state as the Mae Sai Creek surpassed its danger mark and overflowed into the town on Sept. 10, the state-run daily The Mirror reported on Wednesday.
The flood has affected 3,838 people across eight wards of the town, prompting an accelerated rescue operation, the report said.
Relief camps have been established at a football stadium and a monastery to provide shelter for the displaced victims, it added.
Rescue operations carried out by the Myanmar Fire Services Department, and other organizations are underway, distributing food and drinking water to those in need, it said.
“The Thai-Myanmar Friendship Bridge 1 is completely submerged, which is an unprecedented situation in our town,” a local resident told Xinhua.
The intense rains have also caused major transportation disruptions, he said.
Power outages and internet and phone service disruptions have further complicated the situation, he added.
U Hla Tun, director of the Department of Meteorology and Hydrology, said that the intense rainfall, driven by the strong monsoon and Typhoon Yagi, has affected several regions in Myanmar, including Shan, Mandalay, Magway, Ayeyarwady, Chin, Kayin, and Rakhine.