Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် လူ ၁၇ ဦး သေဆုံး

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအနီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ နှစ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်ပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ဒေသများစွာတွင် အားကောင်းသော မုတ်သုံအခြေအနေနှင့် တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အကြွင်းအကျန်များကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွါးလျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာကို ပြောသည်။
လက်ရှိတွင် တောင်ကျရေများကြောင့် မြစ်ချောင်းအများအပြား ရေလျှံခြင်းနှင့်အတူ မြန်မာနိုင်ငံ အလယ်ပိုင်းသည် ရေဘေးအန္တရာယ် အများဆုံးခံစားနေရကြောင်း ဦးလှထွန်းက ဆိုသည်။
စက်တင်ဘာ ၁၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ခြေရှိကြောင်း ၊ ယင်းနောက်တွင်မူ ဖြည်းဖြည်းချင်း အားလျော့သွားမည်ဟု ခန်းမှန်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် ရေကြီးရေလျှံမှုများကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် လူ သုံးဦး၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် လူ လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ရထားလမ်းပိုင်းများနှင့် ဘူတာရုံအချို့လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရန်ကုန်-မန္တလေးနှင့် သာစည်-ရွှေညောင် ရထားလမ်းပိုင်းများတွင် ရေကျော်နေသဖြင့် ရထားခရီးစဉ်များ ယာယီရပ်နားခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအနီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအနီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

……………………………
(English Version)

At least 17 dead in central Myanmar amid severe flooding

YANGON, Sept. 12 (Xinhua) — At least 17 people have died in floods triggered by heavy rain in Yamethin township of Mandalay region within two days, an official from the Mandalay Fire Services Department told Xinhua on Thursday.
Heavy rain caused by the strong monsoon and remnants of Typhoon Yagi has led to severe flooding in several regions across Myanmar, U Hla Tun, director of the Department of Meteorology and Hydrology told Xinhua.
Central Myanmar is currently the hardest hit among the flood affected regions, with its numerous creeks and rivers flowing down from the mountains, he said.
Rainfall is expected to intensify until Sept. 13, then gradually decrease, he added.
Additionally, floods have resulted in three deaths in Tachileik town of Shan State and four deaths in Tatkon township of Nay Pyi Taw, according to the relevant local rescue organizations.
According to the official media reports, flooding has affected some railway sections and train stations. As a result, train services on the Yangon-Mandalay and Thar Si-Shwe Naung routes have been temporarily suspended due to water covering the tracks.