Connect with us

China

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် အတူတကွကြိုးပမ်းရန် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ ကတိပြု

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗာတို့ ရုရှားနိင်ငံ စိန့်ပီတာစဘတ်မြို့၌ တွေ့ဆုံဆွေးနွေးနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာစဘတ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗာတို့ စက်တင်ဘာ ၁၂ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တွေ့ဆုံဆွေးနွေးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည့် အခြေအနေများအား ဖန်တီးရေးအတွက် အတူတကွကြိုးပမ်းရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း သိရသည်။
BRICS အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူများ အစည်းအဝေးအတွင်း သီးခြားတွေ့ဆုံမှု၌ နယ်စပ်အရေးကိစ္စများနှင့် စပ်လျဉ်း၍ မကြာသေးမီက ဆွေးနွေးညှိနှိုင်းမှုများတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ၎င်းတို့နှစ်ဦးက ထည့်သွင်းဆွေးနွေးခဲ့သည်။ တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်မှုသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံကျသော ရေရှည်အကျိုးစီးပွားအတွက်သာမက ဒေသတွင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူဖြစ်စေသည်ဟု ယုံကြည်ကြောင်း နှစ်ဖက်လုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ခေါင်းဆောင်များအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ရေး၊ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တိုးမြှင့်ရေး၊ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှုများကို ထိန်းသိမ်းရေး၊ နှစ်နိုင်ငံဆက်ဆံမှုများ တိုးမြှင့်နိုင်မည့် အခြေအနေများကို ဖန်တီးရေးအတွက်လည်း သဘောတူညီခဲ့ကြသည်။
ကမ္ဘာကြီးသည် မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရစဉ် သက်တမ်းရင့် အရှေ့တိုင်း ခေတ်မီလူမှုအဖွဲ့အစည်းနှစ်ရပ် ဖြစ်သကဲ့သို့ ထွန်းသစ်စ ဖွံ့ဖြိုးဆဲနိုင်ငံများလည်းဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် လွတ်လပ်မှုကို ထိန်းသိမ်းလျက် ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ရွေးချယ်ကာ အချင်းချင်း ဝါးမျိုဖျက်ဆီးခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
ဆက်လက်၍ နှစ်နိုင်ငံအနေဖြင့် သဘောထားကွဲလွဲမှုများကို လက်တွေ့ကျသော ချဉ်းကပ်မှုပုံစံဖြင့် မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ သင့်သင့်မြတ်မြတ်ရှိစေမည့် မှန်ကန်သောနည်းလမ်းကို ရှာဖွေလျက် တရုတ်-အိန္ဒိယ ဆက်ဆံရေး ခိုင်မာတည်ငြိမ်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန် တွန်းပို့နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးကလည်း အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိမိတို့ကိုယ်၌သာမက ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အာရုံစိုက်လုပ်ဆောင်သင့်ကြောင်း၊ လူဦးရေ ၂.၈ ဘီလီယံရှိသော အိန္ဒိယနှင့် တရုတ်ပြည်သူများ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုသည် တစ်ကမ္ဘာလုံးကို ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China, India pledge to work together for improvement of bilateral relations
ST. PETERSBURG, Sept. 12 (Xinhua) — Wang Yi, director of the Office of the Central Commission for Foreign Affairs, held talks with India’s National Security Advisor Ajit Doval in Russia’s St. Petersburg on Thursday, during which the two sides agreed to work together to create conditions for the improvement of bilateral relations.
During their talks on the sidelines of a meeting of the BRICS high-ranking officials responsible for security matters, Wang and Doval discussed the progress made in the recent consultations on border issues. Both parties expressed the belief that the stability of China-India relations is in the fundamental and long-term interests of the two peoples and conducive to regional peace and development.
Both China and India agreed to implement the consensus reached by the heads of the two countries, enhance mutual understanding and trust, maintain continuous communication, and creat conditions for boosting bilateral ties.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, stressed that facing a turbulent world, as two ancient Eastern civilizations and emerging developing countries, China and India should adhere to independence, choose unity and cooperation, and avoid consuming each other.
Wang expressed the hope that the two sides properly handle their differences in a pragmatic approach and find a right way to get along with each other, in order to push the China-India relations back on track for healthy, stable, and sustainable development.
For his part, Doval noted that India and China should focus on their own and common development. He believed that the rapid development of 2.8 billion Indian and Chinese people will change the whole world. Enditem
English Caption
Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs, holds talks with India’s National Security Advisor Ajit Doval in St. Petersburg, Russia, Sept. 12, 2024. (Xinhua/Cao Yang)