Connect with us

International Organizations

အာဆင်နယ်အား အမှတ်ပိုဖြတ်နိုင်ရန် ကြိုးစားမည့် မန်စီးတီး၊ လီဗာပူးလ်နှင့် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲကြို သုံးသပ်ချက်

လန်ဒန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပြန်လည်စတင်မည့် ယခုသီတင်းပတ် ပရီးမီးယားလိဂ်ပွဲစဉ်၌ ချန်ပီယံဆုအတွက် အာဆင်နယ်အား အမှတ်ပိုဖြတ်ထားနိုင်ရန် မန်ချက်စတားစီးတီးနှင့် လီဗာပူးလ်အသင်းတို့က ရည်မှန်းထားလျက်ရှိသည်။
အဆိုပါ နှစ်သင်းလုံးက နိုင်ငံတကာပွဲစဉ်များ မတိုင်မီအထိ ပရီးမီးယားလိဂ်၌ သုံးပွဲကစားထားပြီး သုံးပွဲလုံး အနိုင်ရရှိထားသလို ယခုတစ်ပတ်၌လည်း အခက်အခဲသိပ်မရှိနိုင်သည့် ပြိုင်ဘက်များကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ကာ မန်စီးတီးအသင်းက ဘရန့်ဖို့ဒ်နှင့်လည်းကောင်း၊ လီဗာပူးလ်အသင်းက နော့တင်ဟမ်ဖောရက်စ်နှင့်လည်းကောင်း အသီးသီးဧည့်ခံကစားရမည်ဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ပက်ပ်ဂွါဒီယိုလာအနေဖြင့် ဘယ်ဂျီယမ်လက်ရွေးစင်အသင်း၌ အခက်အခဲကြုံနေရသည့် အသင်း၏ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းနားအား ပွဲထွက်ခွင့်ပြုမပြု ဆုံးဖြတ်ရမည်ဖြစ်သည်။
နသန်အာကီမှာလည်း နိုင်ငံတကာပွဲစဉ်၌ ပေါင်ခြံဒဏ်ရာရရှိခဲ့ကာ အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သည့် ဖီးလ်ဖိုဒန်မှာလည်း အဖျားရောဂါကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနိုင်ခဲ့ခြင်း မရှိသည့်အပြင် ယခုပွဲစဉ်၌ ပါဝင်နိုင်ရန်လည်း မသေချာပေ။
လီဗာပူးလ်အသင်းနည်းပြ အန်းစလော့သည် အသင်းနှင့် မြန်မြန်ဆန်ဆန် အထိုင်ကျသွားပုံရကာ ဩဂုတ်လအတွင်း ၎င်းကိုင်တွယ်ခဲ့သည့် ပွဲစဉ်များတွင် လီဗာပူးလ်အသင်းက ပုံစံကောင်းပြသခဲ့ပြီး ရိုင်ယန် ဂရေဗင်ဘာ့ချ်ကလည်း ကွင်းလယ်၌ ခြေစွမ်းပြသလျက်ရှိသည်။
နော့တင်ဟမ်ဖောရက်စ်အသင်းသည် ယခုနှစ် ပရီးမီးယားလိဂ်ရာသီ အစောပိုင်းတွင် ရှုံးပွဲမရှိသေးသကဲ့သို့ အင်္ဂလန်ကစားသမား မော်ဂန် ဂစ်ဘ်-ဝှိုက်ကလည်း စနေနေ့ပွဲစဉ်တွင် အသင်းအတွက် အပြုသဘောဆောင်သည့် မျှော်လင့်ချက်တစ်စုံတစ်ရာကို ပေးစွမ်းဖွယ်ရှိသည်။
အာဆင်နယ်အသင်းနည်းပြ မစ်ကယ် အာတေတာသည် စက်တင်ဘာ ၁၂ ရက်က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုထားပြီး ယင်းသည် စက်တင်ဘာ ၁၅ ရက်တွင် တော့တင်ဟမ်နှင့် ယှဉ်ပြိုင်ရမည့် အဝေးကွင်းပွဲစဉ်အတွက် စိတ်ဓာတ်ရေးရာ တွန်းအားတစ်ရပ်ဖြစ်လာနိုင်သည်။ သို့သော် အာတေတာသည် ၎င်း၏ကွင်းလယ်အစုအဖွဲ့အား ယာယီအပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်သည်။
ရီးရဲဆိုစီဒက်အသင်းမှ ခေါ်ယူထားသည့် ကွင်းလယ်ကစားသမားသစ် မစ်ကယ်မာရီနိုနှင့် အဓိကကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်တို့ ဒဏ်ရာရရှိထားသည့်အပြင် နောက်ထပ် အရေးပါသော ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ဒက်ကလန်ရိုက်စ်သည်လည်း ပွဲပယ်ခံထားရသည်။
မန်ချက်စတာယူနိုက်တက်အသင်းကလည်း မကြာမီကမှ ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် ဆောက်သမ်တန်အသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ကွင်းလယ်ကစားသမားသစ် မန်နျူရယ် အူဂါတေး ပွဲဦးထွက်ပါဝင်လာဖွယ်ရှိသည်။
ရှုံးပွဲဆက်နေသည့် မန်ချက်စတာယူနိုက်တက်အနေဖြင့် ယခုဘောလုံးရာသီတွင် ရမှတ်မရရှိသေးသည့် ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်တွင် ထပ်မံအရေးနိမ့်မည်ဆိုပါက အသင်းနည်းပြ အဲရစ်တန်ဟက်အတွက် မျက်ခုံးလှုပ်စရာဖြစ်လာမည်ဖြစ်သည်။ တန်ဟက်အား မန်ချက်စတာယူနိုက်တက်အသင်း၏ ကစားသမားဟောင်းဖြစ်သည့် ကမ္ဘာကျော်ဘောလုံးသမား ခရစ်တီယာနို ရော်နယ်ဒိုက မကြာသေးမီကမှ ဝေဖန်မှုပြုလုပ်ထားသည်။
ဘရိုက်တန်အသင်းက အိမ်ကွင်း၌ အစ်ပ်ဆွစ်ချ်အသင်းအား ဧည့်ခံကစားရမည်ဖြစ်ကာ ၎င်းတို့၏ ရာသီအစ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းထားရန် ရည်မှန်းထားသည်။ လက်စတာစီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ခရစ္စတယ်ပဲလေ့စ်အသင်းက အဓိကနောက်ခံလူ မာ့ခ်ဂူဟီကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့၌ မက်ဆန့်စ် လာခရွိုက်စ်၊ ထရီဗို ချာလိုဘာနှင့် အက်ဒီ အင်န်ကီတီးယားတို့ကို ခေါ်ယူအားဖြည့်ထားသည်။
ဝက်စ်ဟမ်းအသင်းက လန်ဒန်အနောက်တောင်ပိုင်းမှ ဖူလ်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဒေါ့မွန်အသင်းမှ ခေါ်ယူထားသည့် တိုက်စစ်မှူး နစ်ကလက်စ် ဖူးလ်ကရက်ဂ် ပွဲထွက်လာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။
ပြီးခဲ့သည့် ပွဲစဉ် ၃ ပွဲလုံး ရှုံးနိမ့်ထားပြီး ပေးဂိုး ၁၀ ဂိုး ခွင့်ပြုထားရသည့် အဲဗာတန်အသင်းက အက်စတွန်ဗီလာအသင်း၏ အိမ်ကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရာသီအဖွင့်တွင် အလားအလာကောင်းများ ပြသထားသည့် ချယ်လ်ဆီးအသင်းက ဘုန်းမောက်အသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ချယ်လ်ဆီးအသင်း၏ အမြန်နှုန်းက အိမ်ရှင်ဘုန်းမောက်အသင်း၏ high pressing ကစားဟန်အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်။
ဝုဗ်ဗာဟမ်တန်အသင်းက စက်တင်ဘာ ၁၅ ရက်တွင် နယူးကာဆယ်အသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ ပြီးခဲ့သည့် ရာသီမှစ၍ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် ၁၃ ပွဲတွင် ၁ ပွဲသာ အနိုင်ရထားခြင်းကြောင့် ယခုနှစ်နွေရာသီတွင် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သည့် နည်းပြ ဂယ်ရီအိုးနေးလ်အတွက် ဖိအားများတိုးလာခဲ့သည်။ (Xinhua)


……………………
(English Version)
Preview: Man City, Liverpool look to extend lead over Arsenal
LONDON, Sept. 13 (Xinhua) — Manchester City and Liverpool look to extend their lead over Arsenal in the Premier League title race, as football returns in England after the international break.
Both sides went into the break with three wins from three games and both are at home to accessible rivals, with City at home to Brentford, while Liverpool entertain Nottingham Forest.
The return from the international break always throws up selection issues, with some players returning in better shape than others, and City coach Pep Guardiola will have to decide whether Kevin de Bruyne will start after a difficult time with Belgium.
Nathan Ake also suffered a thigh injury during the break, while Phil Foden missed England duty due to illness and is also a doubt.
Arne Slot seems to have fitted in quickly at Liverpool and his side impressed in August, with Ryan Gravenberch performing well in central midfield.
Nottingham Forest are unbeaten in the start to the season and although it is a big ask, recent England debutant, Morgan Gibbs-White will give his side hope of something positive on Saturday.
Arsenal coach Mikel Arteta signed a new contract on Thursday and that is a much-needed morale boost for Sunday’s short visit to play Tottenham, as Arteta will need a makeshift midfield.
He is without the injured Mikel Merino (who has yet to make his debut after signing from Real Sociedad) and Martin Odegaard, with those injuries made even more important with Declan Rice’s suspension after he was sent off against Brighton before the international break.
Manuel Ugarte will make his debut in midfield as Manchester United travel to play recently promoted Southampton on Saturday lunchtime.
Consecutive defeats have set alarm bells ringing at United and a third defeat to a team that hasn’t taken a point this season, would be disaster for Erik ten Hag, who was even criticized by Cristiano Ronaldo this week.
Brighton are at home to Ipswich, looking to continue their impressive start against a recently promoted rival adjusting back to life among the elite, while Leicester City visit Crystal Palace, who have been boosted by keeping defender Marc Guehi and the deadline day signings of Maxence Lacroix, Trevoh Chalobah and Eddie Nketiah.
West Ham travel to south-west London to play Fulham, with West Ham striker Niclas Fullkrug tipped to make his first start since moving from Borussia Dortmund.
Three defeats in three games, with 10 goals conceded mean Everton can’t afford another defensive nightmare when they visit Aston Villa, but Villa Park hasn’t been a happy place for Sean Dyche’s men in recent years, with four defeats and a draw since 2019.
Chelsea travel to Bournemouth on Saturday, after giving hints of their potential at the start of the season and their pace will be a threat to the home side’s high pressing style.
Wolverhampton entertain Newcastle on Sunday with just one point from three games, and a run of just one win in 13 stretching back to last season as the pressure slowly grows on coach Gary O’Neil, despite his new contract signed this summer. Enditem