International Organizations
ဟာလန်း၏ သွင်းဂိုးများဖြင့် မန်စီးတီးအသင်း နိုင်ပွဲဆက်ကာ မြောက်လန်ဒန်ဒါဘီတွင် အာဆင်နယ်က စပါးစ်အား အနိုင်ယူခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်-၄ ပွဲပြီးသုံးသပ်ချက်
လန်ဒန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
မန်ချက်စတာစီးတီးအသင်းက ဘရန့်ဖို့ဒ်အသင်းအား အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ကစားရာတွင် အာလင်ဟာလန်း၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိကာ ယခုနှစ် ပရီးမီးယားလိဂ်ရာသီတွင် ရာနှုန်းပြည့် နိုင်ပွဲရယူထားနိုင်သည့် တစ်သင်းတည်းသော အသင်းအဖြစ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျက်ရှိသည်။
အဆိုပါပွဲစဉ်၌ ပွဲချိန် ၂၄ စက္ကန့်တွင် ယိုအာနဲဝစ်ဆာက ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သော်လည်း ဟာလန်းက ပွဲချိန် ၁၉ မိနစ်နှင့် ၃၂ မိနစ်တို့တွင် ချေပဂိုးနှင့် အနိုင်ဂိုးတို့ကို သွင်းယူပေးခဲ့သည့်အတွက် ပထမပိုင်းမပြီးခင်မှာပင် မန်ချက်စတာစီးတီးအသင်းက ပြန်လည်ဦးဆောင်နိုင်ခဲ့ကာ ပွဲအပြီးတွင် ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ဟာလန်း၏ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်သွင်းဂိုးမှာလည်း ၉ ဂိုးအထိ ရှိလာပြီဖြစ်သည်။
အာဆင်နယ်အသင်းကလည်း မာတင်အိုဒီဂတ်နှင့် မစ်ကယ်မာရီနိုတို့ ဒဏ်ရာရနေပြီး အဓိကကွင်းလယ်ကစားသမား တစ်ဦးဖြစ်သည့် ဒက်ကလန်ရိုက်စ် ပွဲပယ်ခံထားရသော်လည်း ပြိုင်ဆိုင်မှုပြင်းထန်သည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်၌ တော့တင်ဟမ်အသင်းအား အဝေးကွင်းတွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယား၏ ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်၌ အိမ်ရှင်တော့တင်ဟမ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိကာ ဂိုးသွင်းခွင့်များ ပိုမိုဖန်တီးနိုင်ခဲ့သော်လည်း အာဆင်နယ်အသင်းက အဆုံးသတ်ပိုင်း ပိုမိုသေချာသည့်အတွက် ဂါဘရီရယ် မာဂါဟေးစ်က ပွဲချိန် ၆၄ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ထိုပွဲစဉ်၏ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်သည့် လီဗာပူးလ်အသင်းနှင့် နော့တင်ဟမ်ဖောရက်စ်အသင်းတို့၏ ပွဲစဉ်တွင် နော့တင်ဟမ်အသင်းက ပွဲချိန် ၇၂ မိနစ်၌ ကယ်လ်လမ် ဟက်ဒ်ဆန်အိုဒွိုင်း၏ ဝေ့ဝိုက်ကန်ချက်ဖြင့် အနိုင်ရရှိသွားပြီး ယခုဘောလုံးရာသီ အစပိုင်းတွင် လီဗာပူးလ်အသင်း၏ တောက်လျှောက် ပုံစံကောင်းပြသနေမှုကို အဆုံးသတ်စေခဲ့သည်။ လီဗာပူးလ်အသင်းအနေဖြင့် ယခုဘောလုံးရာသီတွင် ပထမဆုံးသွင်းဂိုးကို ခွင့်ပြုခဲ့ရခြင်းလည်းဖြစ်သည်။
ချယ်လ်ဆီးအသင်းကလည်း ဘုန်းမောက်အသင်းအား အဝေးကွင်းတွင် အကြိတ်အနယ်ကစားခဲ့ရပြီး ၁-၀ ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်၌ ဘုန်းမောက်အသင်း၏ ဂိုးပေါက်ကန်သွင်းချက်နှစ်ကြိမ် တိုင်ထိထွက်ခဲ့ပြီး ပင်နယ်တီရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သည့်အတွက် ရမှတ်တစ်မှတ်ကိုပင် ခွဲယူနိုင်ခဲ့ခြင်းမရှိပေ။ ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားသမား ခရစ္စတိုဖာ အင်ကွန်ကူက ဂျေဒန်ဆန်ချို၏ ပေးပို့မှုမှတစ်ဆင့် ပွဲချိန် ၈၆ မိနစ်တွင် အဖိုးတန်အနိုင်ဂိုးအား သွင်းယူပေးခဲ့သည်။ ထိုပွဲစဉ်တွင် ကွင်းလယ်ဒိုင်က ပရီးမီးယားလိဂ်၏ စံချိန်တင်အဖြစ် အဝါကတ် ၁၄ ကြိမ် ပြသခဲ့သည်။
စက်တင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် နယူးကာဆယ်ယူနိုက်တက်နှင့် ဝူဗာဟမ်တန်အသင်းတို့၏ ပွဲစဉ်၌ နယူးကာဆယ်အသင်းက ဝူဗာဟမ်တန်အသင်း၏ ဦးဆောင်မှုကို ချေဖျက်ကာ ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲချိန် ၃၆ မိနစ်တွင် မာရီယို လမ်မီနာက ဝူဗာဟမ်တန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၇၅ မိနစ်တွင် ဖေဘီယန်ရှား၏ ကန်သွင်းချက် လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့သလို နောက်ထပ် ၅ မိနစ်အကြာတွင် ဘန်းစ်က အနိုင်ဂိုးသွင်းယူပေးခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဆောက်သမ်တန်အသင်းကို အဝေးကွင်း၌ ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့်အတွက် နည်းပြ အဲရစ်တန်ဟက်အဖို့ အသက်ရှူချောင်သွားခဲ့သည်။ ထိုပွဲစဉ်တွင် မက်သီးအစ်စ် ဒီလစ်က ပွဲချိန် ၃၅ မိနစ်တွင်လည်းကောင်း၊ မားကပ်စ်ရက်ရှ်ဖို့ဒ်က ပွဲချိန် ၄၁ မိနစ်တွင်လည်းကောင်း၊ လူစားဝင် တိုက်စစ်ကစားသမား အလက်ဟန်ဒရို ဂါနာချိုက နာကျင်အချိန်ပိုတွင်လည်းကောင်း၊ အသီးသီးသွင်းယူပေးခဲ့သည်။ အဆိုပါပွဲစဉ်၌ မန်ချက်စကာယူနိုက်တက်အသင်း၏ ဂိုးသမား အန်ဒရေ အိုနားနားက ပင်နယ်တီတစ်ကြိမ် အပါအဝင် အရေးပါသော ဂိုးပေါက်ကာကွယ်မှုများပြုလုပ်ကာ လက်စွမ်းပြခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲတွင် အဲဗာတန်အသင်းက အက်စတွန်ဗီလာအသင်းအား ဒွိုက်မက်ခ်နေး၊ ဒေါမနစ် ကာဗက်ထ်လီဝင်တို့၏ သွင်းဂိုးများဖြင့် အဝေးကွင်း၌ ဦးဆောင်ထားခဲ့သော်လည်း ပွဲအပြီးတွင် ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အက်စတွန်ဗီလာအသင်းအတွက် ချေပဂိုးများနှင့် အနိုင်ဂိုးတို့ကို ပွဲချိန် ၃၆ မိနစ်နှင့် ၅၈ မိနစ်တို့တွင် အိုလီဝက်ထ်ကင်စ်ကလည်းကောင်း၊ ပွဲချိန် ၇၆ မိနစ်တွင် ဂျွန်ဒူရန်ကလည်းကောင်း အသီးသီးသွင်းယူကာ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။
ဝက်စ်ဟမ်းအသင်းနှင့် ဖူလ်ဟမ်အသင်းတို့၏ ပွဲစဉ်တွင် ဖူလ်ဟမ်အသင်းက ရာအူးလ် ဂျီမီနက်ဇ်၏ သွင်းဂိုးဖြင့် ဦးဆောင်ထားသော်လည်း နာကျင်အချိန်ပို ၉၅ မိနစ်တွင် ဒန်နီအင်းစ်က အဖိုးတန်ချေပဂိုး သွင်းယူပေးခဲ့သည့်အတွက် ၁ ဂိုးစီ သရေကျခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လက်စတာစီးတီးအသင်းတို့၏ ပွဲစဉ်တွင် ဧည့်သည် လက်စတားစီးတီးအသင်းက ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူထားသော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းမှ ဂျင်န်-ဖိလစ် မာတေတာ တစ်ဦီးတည်းက ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့သဖြင့် ပွဲအပြီးတွင် ၂-၂ ဂိုး ရလဒ် ထွက်ပေါ်ခဲ့သည်။
အစ်ပ်ဆွစ်ချ်တောင်းနှင့် ဘရိုက်တန်အသင်းတို့၏ ပွဲစဉ်၌ ဧည့်သည် အစ်ပ်ဆွစ်ချ်တောင်း၏ မာကျောသည့် ခံစစ်ကစားပုံကြောင့် ဘရိုက်တန်အသင်းအနေဖြင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ (Xinhua)
…………………..
(English Version)
Review: Haaland, Man City march on as Arsenal beat Spurs in North London derby
LONDON, Sept. 15 (Xinhua) — Manchester City remain the only team in the Premier League with a 100 percent record after two more goals from Erling Haaland helped them overcome an early setback to secure a win at home against Brentford.
The game was just 24 seconds old when Yoane Wissa put the visitors ahead. However, Haaland restored order before halftime with goals in the 19th and 32nd minutes, bringing his season tally to nine.
Arsenal moved into second place with a 1-0 win away to Tottenham in a heated North London derby, despite injuries to Martin Odegaard, Mikel Merino, and the suspension of Declan Rice. Tottenham had more possession and created more chances, but Arsenal were more clinical, with Gabriel Magalhaes scoring the game’s only goal from a corner in the 64th minute.
Callum Hudson-Odoi earned Nottingham Forest their first victory at Anfield in 55 years with a curling shot in the 72nd minute to beat Liverpool 1-0, ending Liverpool’s perfect start to the season. The former Chelsea winger was given time to pick his spot in the far corner, scoring the first goal Liverpool have conceded this season.
Chelsea performed a ‘smash and grab’ raid away to Bournemouth, who deserved at least a point after hitting the woodwork twice and seeing a penalty saved. Christopher Nkunku scored from Jadon Sancho’s pass in the 86th minute to secure the win. The match was also notable for the referee issuing a Premier League record of 14 yellow cards.
On Sunday, Harvey Barnes’ 80th-minute strike completed a quick comeback to give Newcastle United a 2-1 win away to Wolverhampton Wanderers. Mario Lemina had put Wolves ahead in the 36th minute, but luck was against them when Fabian Schar’s shot deflected into the net in the 75th minute. Barnes sealed the win five minutes later.
Manchester United coach Erik ten Hag will breathe a sigh of relief after his side’s 3-0 win away to Southampton. Matthijs de Ligt opened the scoring in the 35th minute, and goals from Marcos Rashford and Alejandro Garnacho followed, the latter scoring deep into injury time. United goalkeeper Andre Onana made crucial saves, including a penalty stop from Cameron Archer.
Everton surrendered a two-goal lead for the second consecutive game after Dwight McNeil and Dominic Calvert-Lewin had put them 2-0 up away to Aston Villa after 27 minutes. Ollie Watkins scored twice for Villa in the 36th and 58th minutes, and Jhon Duran sealed the win with a stunning shot 15 minutes before the end.
Danny Ings scored a 95th-minute equalizer to earn West Ham a point away to Fulham, who had taken the lead in the first half through Raul Jimenez.
Crystal Palace came back from 2-0 down at home against Leicester City to salvage a draw, with Jean-Philippe Mateta scoring two second-half goals – the second an injury-time penalty – after Jamie Vardy and Stephy Mavididi had put Leicester in a commanding position.
Ipswich Town produced a solid defensive display to frustrate Brighton, resulting in a 0-0 draw. Enditem