Connect with us

Sino-Myanmar

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအား တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကုမ္ပဏီက ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ရေဘေးဒဏ်သင့် ပြည်သူများအတွက် မြန်မာနိုင်ငံရှိ တရုတ် – မြန်မာ ရေနံနှင့် သဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကုမ္ပဏီက ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက စက်တင်ဘာ ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
ရေဘေးသင့်ကျေးရွာသုံးရွာရှိ ဒေသခံများအတွက် လှူဒါန်းခဲ့သည့် ပစ္စည်းများတွင် စားသုံးဆီ၊ ခေါက်ဆွဲခြောက်နှင့် ဆန်အိတ်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေးအကူအညီများ လက်ခံရရှိခဲ့သည့် ဒေသခံ ရွာသူ/ရွာသားများက လှူဒါန်းမှုများအတွက် ကုမ္ပဏီအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
စက်တင်ဘာ ၁၂ ရက်တွင် ကုမ္ပဏီမှ ကယ်ဆယ်ရေးအဖွဲ့က နေပြည်တော်ရှိ ကုမ္ပဏီဝန်ထမ်း၏ မိခင်တစ်ဦးနှင့် ရွာသူ/ရွာသား ၂၀ ကျော်အား ဘေးကင်းရာသို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ရာဂီနှင့် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်အရှိန်ကြောင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းအထိ လူပေါင်း ၂၉၃ ဦး သေဆုံးခဲ့ပြီး ၈၉ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ (Xinhua)


………………………
(English Version)
Chinese company donates relief supplies to flood-hit people in Myanmar
YANGON, Sept. 20 (Xinhua) — The company of Myanmar-China Oil and Gas Pipeline project in Myanmar has donated relief supplies to flood-affected people in Myanmar, according to a statement released by the Chinese Embassy in Myanmar on Thursday.
The donated items included cooking oil, instant noodles, and sacks of rice for residents of three villages affected by the floods, the statement said.
Local residents, who received the relief aid, expressed gratitude to the company for the donations, it added.
On Sept. 12, a rescue team from the company also evacuated a mother of the company’s staff in Nay Pyi Taw and over 20 villagers as floods hit the region, it said.
In Myanmar, a total of 293 people were dead and 89 others missing as of Thursday morning due to the recent floods triggered by Typhoon Yagi and a deep depression in the Bay of Bengal. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.