Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ရေဘေးကယ်ဆယ်ရေးတွင် စိတ်အားထက်သန်စွာကူညီဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ

မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေရှိ ရေဘေးအန္တရာယ်ကြုံတွေ့နေရသောနေရာတွင် လှေဖြင့် သွားလာနေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် စက်တင်ဘာလဆန်းပိုင်းမှစ၍ ဒေသများစွာ၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ အပြင်းအထန်ကြုံတွေ့ခဲ့ရသည်။ ထိုသို့ရင်ဆိုင်ကြုံတွေ့ခဲ့ရာတွင် စေတနာ့ဝန်ထမ်းများက ဒေသခံအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ အစိုးရတာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် အရေးပေါ်ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသော ဆရာတော် ဦးပညာက “အရင်ရက်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပြီးသွားတဲ့အခါ အခုတော့ ပြန်လည်ထူထောင်ရေးနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ လူတွေကအန္တရာယ်တွေနဲ့ကြုံတွေ့နေရတဲ့အခါမှာ ဘုန်းဘုန်းတို့ စေတနာ့ဝန်ထမ်း လူတွေရော သံဃာတွေရော စုစည်းပြီးတော့ ကူညီခဲ့ကြတာပါ။ လူတိုင်းကို ဘေးကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန်နေစေချင်တာပါ” ဟု မိန့်ကြားခဲ့သည်။
“စခန်းကိုရောက်လာကြတဲ့သူတွေက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ရောက်လာကြတာ။ ဒီကိုရောက်လာတဲ့ ရေဘေးဒဏ်ခံရသူ ၄၀၀ ကျော်အတွက် အစားအသောက်တွေ၊ အဝတ်အထည်တွေ၊ နေထိုင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် လုပ်ပေးရမယ့်တာဝန်ရှိတယ်။ ဘုန်းဘုန်းတို့ အခက်အခဲစိန်ခေါ်မှုတွေ ရှိပေမဲ့လည်း လူတွေကို ကယ်တင်နိုင်ခဲ့တဲ့အတွက်တော့ ဝမ်းသာပါမိတယ်” ဟု ဆရာတော် ဦးပညာက မိန့်ကြားခဲ့သည်။
“ဒေသခံအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ အလှူရှင်တွေနဲ့ အခြားကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ရေဘေးဒဏ်ခံရသူတွေရဲ့ အခက်အခဲတွေကို ဖြည်းဖြည်းချင်း ကူညီပေးနိုင်ခဲ့ပါတယ်။ ဘုန်းဘုန်းတို့အဖွဲ့က ရွာပေါင်း ၇၀ လောက်တော့ ကယ်ဆယ်ရေးလုပ်ပေးနိုင်ခဲ့ပါတယ်” ဟု ဆရာတော် ဦးပညာက ဖြည့်စွက်မိန့်ကြားခဲ့သည်။
ရှမ်းပြည်နယ် ကလောမြို့နယ်တွင် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေသော အသက် ၃၀ နှစ်အရွယ် မဇင်မာဖြိုးက “ညီမတို့ ဒီမှာကူညီပေးနေတာ လေးရက်လောက်ရှိနေပါပြီ။ ဒါက ကျွန်မ လူကိုယ်တိုင်ပါဝင်ကူညီဖြစ်တဲ့ ပထမဆုံးပဲ။ အခုတော့ သန့်ရှင်းရေးလုပ်ငန်းကို အဓိကလုပ်ပေးနေရတယ်” ဟု ပြောခဲ့သည်။
“ဒီမှာလူအင်အားနည်းပေမဲ့ ညီမတို့စေတနာ့ဝန်ထမ်းတွေက တတ်နိုင်သလောက်ကူညီပေးနေပါတယ်။ ညီမအတွက်တော့ ကိုယ်တိုင်ကိုယ်ကျလိုက်လုပ်ပေးရတော့ ပီတိလည်းဖြစ်မိတယ်။ ပင်ပန်းပေမဲ့ ပင်ပန်းတယ်လို့ကိုမထင်မိပါဘူး” ဟု စေတနာ့ဝန်ထမ်းလုပ်ကိုင်ရသည့်အပေါ် ၎င်း၏ခံစားချက်ကို ပြောပြခဲ့သည်။
ရန်ကုန်ကယ်ဆယ်ရေးအဖွဲ့ (YRO) ဥက္ကဋ္ဌ အသက် ၆၁ နှစ်အရွယ် ဦးထွန်းထွန်းဦးက “ကျွန်တော်တို့အဖွဲ့ကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်မှာ စေတနာ့ဝန်ထမ်း လူအင်အား ၁၅၀ လောက်၊ နေပြည်တော်မှာတော့ စေတနာ့ဝန်ထမ်းလူအင်အား ၂၀၀ လောက်နဲ့ ရှမ်းပြည်နယ် ကလောမြို့နယ်မှာ အင်အား ၃၀ လောက်နဲ့ ကူညီလုပ်ကိုင်ပေးနေပါတယ်။ စပြီးရေကြီးတုန်းကတည်းက ရွာပေါင်း ၅၀၀ လောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးခဲ့ပါတယ်” ဟု ဆင်ဟွာကို စက်တင်ဘာ ၂၄ ရက်က ပြောခဲ့သည်။
“နေပြည်တော် တပ်ကုန်းမြို့နယ်မှာ လုပ်ခဲ့ရတဲ့ကယ်ဆယ်ရေးကတော့ အခက်ခဲဆုံးပဲလို့ပြောလို့ရတယ်၊ အဲဒီမှာ လသားကလေးငယ်တွေ၊ နှစ်နှစ်အရွယ်တွေရော၊ သက်ကြီးရွယ်အိုတွေရော သစ်ပင်တွေပေါ်မှာ ကပ်နေရပြီး ၂၆ နာရီလောက် ဘာမှမစားရတဲ့ လူ ၃၈ ယောက်လောက်ကယ်ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
“ရေစီးတွေကတအားသန်ပြီး လှေမမောင်းနိုင်တော့အတွက် ကြိုးတွေသွယ်ပြီးတော့ အော်ဟစ်အကူအညီတောင်းတဲ့သူတွေကို ကယ်ထုတ်ပေးခဲ့တယ်။ အဲဒီနေရာတွေကို ကျွန်တော်တို့ မရောက်နိုင်ခဲ့ဘူးဆိုရင်တော့ ဆုံးပါးမှုရာခိုင်နှုန်းတွေလည်း အများကြီးရှိနိုင်ပါတယ်” ဟု ဦးထွန်းထွန်းဦးက ဖြည့်စွက်‌ပြောခဲ့သည်။
ထို့ပြင် စေတနာ့ဝန်ထမ်းလုပ်ငန်းအပေါ် ၎င်း၏အမြင်ကို ယခုလိုပြောပြခဲ့သည်။ “စေတနာ့ဝန်ထမ်းက ဘယ်လောက်အရေးကြီးသလဲဆိုရင် ကိုယ့်အသက်တောင် ပဓာနမထားဘဲ အခြားသူတွေရဲ့ အသက်ကယ်တင်ဖို့လုပ်ပေးကြတာပါ။ သူတို့ရဲ့ ကယ်ကြပါလို့ အသံကြီးကိုကြားရတာ ကိုယ့်အတွက်တော့ မစဉ်းစားနိုင်တော့ဘဲ ကူညီပေးဖြစ်သွားတာပေါ့။ ကျွန်တော်ဆိုရင် အသက် ၆၁ နှစ်ရှိပြီ။ ဒါပေမဲ့ အကူအညီတောင်းလာကြတဲ့အသံကြားတော့ ကိုယ်တိုင်သွားပြီး ကယ်ခဲ့တယ်။ ကျွန်တော့်ဘဝမှာ အ‌ရေးပါတဲ့မှတ်တမ်းလေးပေါ့ဗျာ”
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၁ ရက်အထိ ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၃၈၄ ဦးအထိရှိလာခဲ့ကာ ၈၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေရှိ ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း၌ ရေဘေးရှောင်နေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ရေကြီးနေသောနေရာတွင် ဖြတ်သန်းသွားလာနေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ရေကြီးနေသောနေရာတွင် ရေဘေးသင့်ပြည်သူများကို ရွှေ့ပြောင်းပေးနေသည့် ကယ်ဆယ်ရေးသမားများအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

……………………………………..
(English Version)
Volunteers dedicate themselves to relief efforts in Myanmar’s flood crisis
YANGON, Sept. 25 (Xinhua) — Myanmar has been hit hard by severe flooding caused by heavy rains in several regions since early September. In the face of the crisis, volunteers dedicated themselves to relief efforts, collaborating with local communities, rescue teams, government officials, and donors.
U Pyin Nyar, a monk conducting rescue and rehabilitation efforts in Lewe Township of Nay Pyi Taw, stated, “We are currently focused on rehabilitation and cleanup activities after conducting rescue operations in recent days. We chose to volunteer because we cannot bear to see others in danger, and we deeply want everyone to be safe and well.”
“Many people arrived at our shelters with only the clothes they were wearing. So, we’ve taken on the responsibility of providing food, clothing, shelter, and medical care for over 400 flood victims. Despite many challenges we face, it brings us joy to have been able to save people,” he said.
“Through collaboration with local communities, government organizations, donors and other rescue groups, we are gradually easing the hardships of those affected. Our team has successfully conducted rescue operations in around 70 villages,” he added.
Zin Mar Phyo, 30, volunteering in Kalaw township of Shan State, said that, “We have been here for four days, and this is my first time volunteering in person. We are currently focusing on cleanup activities.”
“With fewer people here, our volunteers are dedicated to providing as much support as possible. For me, volunteering brings me immense joy, and I don’t feel tired at all,” she shared her feelings about volunteering.
“Our team conducted rescue operations in Toungoo Township in Bago region with 150 members, in Nay Pyi Taw with 200 and in Kalaw township of Shan state with 30. We’ve carried out rescues in about 800 villages since the flooding began,” Tun Tun Oo, 61, chairman of the Yangon Rescue Organization, told Xinhua on Tuesday.
“One of the most challenging moments was in Tatkon township, Nay Pyi Taw, where we saved 38 people, including infants and the elderly, who had been clinging to trees without food for 26 hours,” he said.
“The fast-flowing water made it impossible to reach them by boat, so we set up a line to connect with them while they shouted for help. We knew that if we didn’t reach them soon, their chances of survival would dwindle,” he added.
Tun Tun Oo expressed his views on volunteering. “Despite the risks to our own lives, our focus was solely on saving others during this crisis. Hearing their desperate pleas gave me goosebumps, it tugged at my heart and motivated me to act. Even though I am older, I couldn’t ignore their cries for help. The experiences I have gained from volunteering have become a significant milestone in my life journey.”
As of Sept. 21, the death toll from Myanmar’s floods has reached 384, with 89 people still missing, according to the Information Team of Myanmar’s State Administration Council.
Photo 1: People take a boat at a flooded area in Nay Pyi Taw, Myanmar, Sept. 16, 2024. (Str/Xinhua)
Photo 2: Flood-affected people take shelter at a monastery in Nay Pyi Taw, Myanmar, Sept. 16, 2024. (Str/Xinhua)
Photo 3: People wade through a flooded area in Tatkon Township, Nay Pyi Taw, Myanmar, Sept. 12, 2024. (Myanmar Fire Service Department/ Handout via Xinhua)
Photo 4: Rescuers evacuate flood victims in Tatkon Township, Nay Pyi Taw, Myanmar, Sept. 12, 2024. (Myanmar Fire Service Department/ Handout via Xinhua)