Connect with us

China

တရုတ်နိုင်ငံတွင် သီးသန့်ထုတ်လုပ်သောရေနက်ပိုင်းဓာတ်ငွေ့လုပ်ကွက်စီမံကိန်း ဒုတိယအဆင့် လုပ်ငန်းလည်ပတ်နိုင်တော့မည်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ဆန်းရမြို့မှ ကီလိုမီတာ ၁၅၀ အကွာရှိ ဆန်းဟိုင်ရိဟောက် သို့မဟုတ် Deep Sea No. 1 ရေနက်ပိုင်းဓာတ်ငွေ့လုပ်ကွက် စီမံကိန်း အဆင့် ၂ ၏ ထုတ်လုပ်ရေးပလက်ဖောင်းများကို ဝေဟင်မြင်ကွင်းမှတွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမဆုံး သီးခြားလွတ်လပ်စွာဖော်ထုတ်ထားသော ရေနက်ပိုင်းဓာတ်ငွေ့လုပ်ကွက် ဆန်းဟိုင်ရိဟောက် သို့မဟုတ် Deep Sea No. 1 ၏ စီမံကိန်းအဆင့် ၂ တည်ဆောက်ရေးလုပ်ငန်းပြီးစီးပြီဖြစ်ကာ မကြာမီကာလအတွင်း လုပ်ငန်းလည်ပတ်နိုင်မည်ဟုခန့်မှန်းထားကြောင်း တရုတ် အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) အရ သိရသည်။
အဆိုပါ စီမံကိန်းသည် ရှုပ်ထွေးသောအခြေအနေအောက်တွင် တရုတ်နိုင်ငံက ရေနံနှင့် ဓာတ်ငွေ့စီမံကိန်းများကို သီးခြားလွတ်လပ်စွာတည်ဆောက်ရာ၌ အဓိကအောင်မြင်မှု အထိမ်းအမှတ်လည်းဖြစ်ကြောင်း CNOOC က စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၅၀ ကျော် အရန်ဓာတ်ငွေ့သိုက်ရှိသော စီမံကိန်း အဆင့် ၂ တွင် ရေနက်ပိုင်းဓာတ်ငွေ့တွင်း ၁၂ ခု၊ တန်ချိန် ၁၄,၀၀၀ ကျော် အလေးချိန်ရှိ ဘက်စုံလုပ်ငန်းလည်ပတ်မှု ပလက်ဖောင်းတစ်ခု၊ စုစုပေါင်း ၂၅၀ ကီလိုမီတာခန့် ရှည်လျားသော ရေအောက်ပိုက်လိုင်း ၅ ခုနှင့် အခြားအဆောက်အအုံများ ပါဝင်ကြောင်း သိရသည်။
ထိုစီမံကိန်း အပြည့်အဝလည်ပတ်မှုပေါ်မူတည်၍ Deep Sea No. 1 ၏ နှစ်စဉ် သဘာဝဓာတ်ငွေ့ အများဆုံးထွက်ရှိမှုမှာ ကုဗမီတာ ၃ ဘီလီယံမှ ၄.၅ ဘီလီယံအထိ တိုးမြင့်လာနိုင်ကြောင်း CNOOC ထံမှ သိရသည်။
Deep Sea No. 1 သည် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ဆန်းရမြို့မှ ၁၅၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး ပင်လယ်ရေအောက်အနက် အများဆုံး မီတာ ၁,၅၀၀ ၌ လုပ်ငန်းလည်ပတ်နိုင်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လက လုပ်ငန်းလည်ပတ်မှုစတင်ခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Phase II project of China’s self-developed deepwater gas field to be operational
HAIKOU, Sept. 26 (Xinhua) — China’s first independently-developed ultra-deepwater gas field Shenhai Yihao, or Deep Sea No. 1, has completed construction of its phase II project, which is expected to be operational in the near future, according to the China National Offshore Oil Corporation (CNOOC), its operator.
The completion of the project marks a major breakthrough in China’s independent construction capabilities of deepwater oil and gas projects under complex conditions, the CNOOC said Thursday.
The phase II project, with a proven reserve of over 50 billion cubic meters of natural gas, includes 12 deepwater gas wells, a comprehensive processing platform weighing over 14,000 tonnes and five submarine pipelines with a total length of about 250 km, among other facilities.
Upon full operation of the project, the peak annual output of natural gas of the Deep Sea No. 1 is expected to increase from 3 billion cubic meters to 4.5 billion cubic meters, according to the CNOOC.
Deep Sea No. 1, located 150 km from the city of Sanya in south China’s island province of Hainan, is able to operate at a maximum depth of over 1,500 meters in the sea. It began operation in June 2021.
Photo 1, 3: This undated aerial drone photo shows the gas production platform cluster of phase II project of China’s self-developed ultra-deepwater gas field Shenhai Yihao, or Deep Sea No. 1, located 150 km from the city of Sanya in south China’s island province of Hainan. (China National Offshore Oil Corporation (CNOOC)/Handout via Xinhua)