Connect with us

China

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ ကျင်းပ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း ၇၅ နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် စင်တင်ဘာ ၂၉ ရက် ညပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားနိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှယ်ရှန်၊ လီရှီး၊ ဟန့်ကျိန့်နှင့် အငြိမ်းစားအဆင့်မြင့်ခေါင်းဆောင်များ အပါအဝင် ဧည့်ပရိသတ် ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။
တေးဂီတဖျော်ဖြေပွဲတွင် တူရိယာဂီတ၊ သံစုံတေးဂီတ တင်ဆက်မှုများ၊ ရိုးရာတူရိယာ သံစုံတေးဂီတတင်ဆက်မှုများနှင့် အခြားအနုပညာ ဖျော်ဖြေတင်ဆက်မှုများ ပါဝင်ခဲ့သည်။ ထို့နောက် “တိုင်းချစ်ပြည်ချစ် တေးသီချင်းဖြစ်သော “Ode to the Motherland” သီချင်းကို ပရိသတ်များအားလုံးနှင့် အတူတကွသီဆီုခြင်းဖြင့် တေးဂီတဖျော်ဖြေပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အမျိုးသားနေ့ကို နှစ်စဉ် အောက်တိုဘာ ၁ ရက်တွင် ကျင်းပခြင်းဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Concert marks 75th founding anniversary of PRC
BEIJING, Sept. 29 (Xinhua) — A concert was held at the Great Hall of the People on Sunday night to celebrate the 75th founding anniversary of the People’s Republic of China (PRC).
Chinese President Xi Jinping, other Party and state leaders including Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang, Li Xi and Han Zheng, as well as retired senior leaders were among the more than 3,000 people who attended the concert.
The concert featured orchestral music, choral performances, ensemble performances of traditional instruments, piano with a band, and other artistic expressions. It ended with the entire audience singing “Ode to the Motherland.”
China’s National Day is celebrated annually on Oct. 1.
Photo 1, 2, 3: A concert is held to celebrate the 75th founding anniversary of the People’s Republic of China (PRC), in Beijing, capital of China, Sept. 29, 2024. (Xinhua/Ju Peng)