Connect with us

China

ရှင်းကျန်းဒေသနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား ဆန့်ကျင်သည့် ဆုံးဖြတ်ချက် စတင်အသက်ဝင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူးလူမုချီမြို့ ဆင်ခြေဖုံးရှိ Xinjiang Middle Hoshine Silicon စက်မှုလုပ်ငန်း၏ အလုပ်ရုံတစ်ရုံ၌ အမျိုးသမီးဝန်ထမ်းများ အလုပ်လုပ်နေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်ပြီး ထိခိုက်ခဲ့သော ကုမ္ပဏီများအား အထောက်အပံ့ပေးမည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ယင်းဆုံးဖြတ်ချက်သည် စက်တင်ဘာ ၂ ရက်တွင် အသက်ဝင်လာကြောင်း ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထိုဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံက ရှင်းကျန်းဒေသအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရာတွင် အန္တရာယ်ပြုမည့် ရည်ရွယ်ချက်မျိုး ထင်ထင်ရှားရှားရှိနေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းကသာမက ရှင်းကျန်းဒေသခံများလည်း သိရှိစေရန်၊ အမေရိကန်နိုင်ငံက ရှင်းကျန်းဒေသရှိ စီးပွားရေးလုပ်ငန်းများအပေါ် ဖိနှိပ်နေခြင်းနှင့် ယင်းဒေသ၏ လူမှုရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေခြင်းတို့အား ဖော်ထုတ်ရန် ရည်ရွယ်ကြောင်း သိရသည်။ ထို့အပြင် ဒဏ်ခတ်ပိတ်ဆို့ခံ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထောက်ခံအားပေးကြောင်း သိရသည်။
ထိုဆုံးဖြတ်ချက်အား ဩဂုတ်လအတွင်း ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် ရှင်းကျန်းဒေသ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက အတည်ပြုခဲ့သည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် အသက်ဝင်လာခဲ့သည့် “ဝေဂါလူမျိုးများအား အဓမ္မအလုပ်စေခိုင်းမှု တားမြစ်ရေးအက်ဥပဒေ” ဟုဆိုသော ဒဏ်ခတ်ပိတ်ဆို့မှုသည် အမေရိကန်ဈေးကွက်ထဲသို့ ရှင်းကျန်းဒေသ ထွက်ကုန်များ ဝင်ရောက်လာခြင်းအား အဓမ္မအလုပ်စေခိုင်းမှု တိုက်ဖျက်ရေးဟု ခေါင်းစဉ်တပ်၍ တားမြစ်ပိတ်ပင်ထားခြင်းဖြစ်ရာ ရှင်းကျန်းဒေသ စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများကို ထိခိုက်စေပြီး ယင်းဒေသရှိ လူမျိုးစုအားလုံး၏ ရှင်သန်ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများကို ဆိုးရွားစွာ ထိခိုက်နစ်နာစေကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Xinjiang resolution against U.S. sanctions takes effect
URUMQI, Sept. 2 (Xinhua) — A resolution opposing a series of U.S. sanctions related to northwest China’s Xinjiang Uygur Autonomous Region and providing support for affected companies was unveiled and took effect on Monday, according to the regional legislator.
The resolution aims to expose to both the international community and the people of Xinjiang, what is clearly the U.S. sinister intention in implementing sanctions against Xinjiang,
to reveal the U.S. suppression of the region’s enterprises and its undermining of Xinjiang’s social stability and development. It also supports the development of sanctioned enterprises and related industries.
The resolution was passed by the Standing Committee of the 14th Xinjiang Regional People’s Congress in August.
The so-called “Uyghur Forced Labor Prevention Act,” which took effect in June 2022, prohibits the entry of Xinjiang goods into the U.S. market in the name of combating “forced labor,” damages the rights of Xinjiang enterprises, and causes severe harm to the rights to subsistence and development of all ethnic groups in Xinjiang. Enditem
English Caption
Female employees operate at a workshop of Xinjiang Middle Hoshine Silicon Industry in the suburb of Urumqi, northwest China’s Xinjiang Uygur Autonomous Region, Aug. 29, 2024. (Xinhua/Gao Han)