Connect with us

Europe

ယူကရိန်းနိုင်ငံ ပိုလ်တာဗာမြို့အား ရုရှားစစ်တပ်၏ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅၁ ဦး သေဆုံးကာ လူ ၂၀၀ ကျော် ဒဏ်ရာရရှိ

ယူကရိန်းနိုင်ငံ ကိဗ်မြို့အား ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရပြီးနောက် မီးလောင်နေသည့် အဆောက်အအုံတစ်ခုအား မီးသတ်ဝန်ထမ်းများက ငြှိမ်းသတ်နေပုံကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၃ ရက်တွင် ယူကရိန်းနိုင်ငံ အလယ်ပိုင်း၊ ပိုလ်တာဗာမြို့အား ရုရှားစစ်တပ်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅၁ ဦး သေဆုံးကာ အခြားသူ ၂၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိနေသူအချို့ ကျန်ရှိနေကာ ယင်းနေရာ၌ ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ဇယ်လန်းစကီးက တယ်လီဂရမ်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရုရှား၏ အစ္စကန်ဒါ-အမ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းသည် ပိုလ်တာဗာမြို့ရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုနှင့် ဆေးရုံတစ်ရုံအား ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုအရ သိရကြောင်း ယူကရိန်းရှေ့နေချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………..
(English Version)
At least 51 killed, 200 injured in Russia’s attack on Ukraine’s Poltava
KIEV, Sept. 3 (Xinhua) — At least 51 people have been killed and 271 others injured Tuesday in a Russian missile attack on the city of Poltava in central Ukraine, Ukrainian President Volodymyr Zelensky said.
Some people are still trapped under the rubble of the destroyed building and the rescue operation at the site continues, Zelensky wrote in a statement on Telegram.
According to preliminary investigation, two Russian Iskander-M ballistic missiles struck an educational institution and a hospital in Poltava, Ukraine’s Prosecutor General’s Office said in a statement. Enditem
English Caption
Firefighters extinguish a fire in a building after a missile attack in Kiev, Ukraine, Feb. 7, 2024. (Photo by Roman Petushkov/Xinhua)