Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ၏ ပထမဆုံး အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲကို စတင်ကျင်းပလျက်ရှိကာ တရုတ်ပြည်တွင်းထုတ် လေယာဉ်က တစ်ကိုယ်တော် သရုပ်ပြပျံသန်းမှုပြုလုပ်

ပထမအကြိမ် အီဂျစ် အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲအား အီဂျစ်နိုင်ငံ အယ်လ်ဒက်ဘားမြို့ရှိ အယ်လ်အလာမိန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပစဉ် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး Y-20 က သရုပ်ပြပျံသန်းနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် ပြုလုပ်သည့် အီဂျစ် အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲကို စက်တင်ဘာ ၃ ရက်တွင် အီဂျစ်နိုင်ငံ မြောက်ပိုင်းရှိ လေဆိပ်တစ်ခု၌ စတင်ကျင်းပခဲ့ကာ တရုတ်၊ အီဂျစ်နှင့် အခြားနိုင်ငံများမှ လေတပ်များက သရုပ်ပြပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အီဂျစ်နိုင်ငံသမ္မတ အက်ဘ်ဒယ်-ဖာတာ အယ်လ်-စီစီက လေကြောင်းပြပွဲကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အဆိုပါ လေကြောင်းပြပွဲကို စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာ ၅ ရက်အထိ အီဂျစ်နိုင်ငံ Matrouh ပြည်နယ်၊ အယ်လ်ဒက်ဘားမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ဖော်ပြခဲ့သည်။
အဆိုပါ လေကြောင်းပြပွဲသည် လေကြောင်းနှင့် အာကာသကုမ္ပဏီနှင့် အေဂျင်စီ ၃၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်သည့်အပြင် နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ခန့်ကို ကိုယ်စားပြုသည့် သက်ဆိုင်ရာ အာဏာပိုင်များကိုလည်း ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

ထိုလေကြောင်းပြပွဲသို့ တရုတ်ကုမ္ပဏီများလည်း တက်ရောက်ခဲ့ကာ တရုတ်ပြည်တွင်း၌ တည်ဆောက်ထားသည့် ခရီးသည်တင်လေယာဉ်ကြီး C919 အပါအဝင် လေယာဉ်မော်ဒယ် အမျိုးမျိုးကိုလည်း ၎င်းတို့နှင့်အတူ ယူဆောင်လာခဲ့ကြောင်း သိရသည်။
လေကြောင်းပြပွဲ ဖွင့်ပွဲနေ့အား အီဂျစ်လေတပ်မှ Silver Stars တပ်ဖွဲ့၏ သရုပ်ပြပျံသန်းမှုဖြင့် စတင်ခဲ့သည်။ တရုတ်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ချက်သမ္မတနိုင်ငံ၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူကီယဲ နှင့် အိန္ဒိယ လေတပ်တို့ကလည်း သရုပ်ပြပျံသန်းမောင်းနှင်မှုများ ပြုလုပ်ခဲ့ကာ တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး Y-20 ၏ ထူးထူးကဲကဲ တစ်ကိုယ်တော် သရုပ်ပြပျံသန်းမှုလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းပြပွဲသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသ၏ ကာကွယ်ရေး၊ အာကာသနှင့် စီးပွားဖြစ် လေကြောင်းကဏ္ဍတို့တွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးမှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှုစနစ်တို့အား အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ယင်းလေကြောင်းပြပွဲ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ (Xinhua)

…………………………
(English Version)
Egypt’s 1st int’l airshow kicks off with China’s homegrown plane on solo display
CAIRO, Sept. 3 (Xinhua) — The first edition of the Egypt International Airshow kicked off on Tuesday at a northern airport in the country, with flight performances by air forces from Egypt, China, and other countries.
Egyptian President Abdel-Fattah al-Sisi inaugurated the airshow, which is scheduled to run from Tuesday to Thursday at El Alamein International Airport in El Dabaa, Matrouh Governorate, the Egyptian state TV reported.
The event has attracted more than 300 aviation and aerospace companies and agencies, as well as relevant authorities representing about 100 countries and regions, according to the report.
Among the participants are several Chinese companies, which have brought with them scale models of different types of aircraft, including China’s self-developed large passenger aircraft, the C919.
The first day of the airshow began with a flight performance by the Egyptian Air Force’s Silver Stars. Air forces from China, the United States, France, Italy, the Czech Republic, Saudi Arabia, the United Arab Emirates, Türkiye, and India also presented their flight performances, including a notable solo display of the Y-20, China’s domestically developed large transport aircraft.
According to the airshow’s official website, the event aims to “accelerate industrialization, digitalization, and globalization in the defense, space, and commercial aviation sectors in Africa and the Middle East.” It features not only flying aircraft shows but also exhibitions of innovative products and services in the defense, space, and commercial aviation fields. Enditem
English Caption
A Y-20, China’s domestically developed large transport aircraft, makes a flight demonstration during the first edition of the Egypt International Airshow at El Alamein International Airport in El Dabaa, Egypt, Sept. 3, 2024. (Xinhua/Wang Dongzhen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.