Connect with us

Local

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက LMC အထူးရန်ပုံငွေ စီမံကိန်း ၄ ခု ဆောင်ရွက်ခွင့်ရရှိထား

မြန်မာနိုင်ငံ ရှေးဟောင်းပုဂံမြို့ရှိ ဘုရားတစ်ဆူကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း (LMC) အထူးရန်ပုံငွေဖြင့် စီမံကိန်း ၄ ခု အကောင်အထည်ဖော်ဆောင်ရွက်ခွင့် ရရှိထားကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောခဲ့သည်။ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်တွင် LMC ရန်ပုံငွေဖြင့် ခရီးသွားလုပ်ငန်း သုတေသနစင်တာ တည်ထောင်ခြင်းစီမံကိန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီး စီမံကိန်းအသစ် ၃ ခုကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိဆောင်ရွက်နေသော စီမံကိန်း ၃ ခုမှာ ၂၀၂၂ ခုနှစ် LMC ရန်ပုံငွေဖြင့် ရန်ကုန်မြို့တွင် မုန့်ဖုတ်နည်းလေ့ကျင့်ရေးသင်တန်းစီမံကိန်း တည်ထောင်ခြင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့် ပုဂံမြို့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး စသည်တို့ဖြစ်ကြောင်း သိရသည်။

LMC အထူးရန်ပုံငွေစီမံကိန်းများသည် လူသားအရင်းအမြစ်များနှင့် အသက်မွေးဝမ်းကျောင်းအရည်အချင်းများ မြှင့်တင်ပေးပြီး အလုပ်အကိုင်များ ဖန်တီးပေးသလို ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအတွက်လည်း တန်ဖိုးရှိသော စွမ်းရည်များ ပံ့ပိုးပေးလျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

—————————–
Myanmar’s tourism ministry receives 4 projects with LMC special fund
YANGON, Sept. 4 (Xinhua) — Myanmar’s Ministry of Hotels and Tourism has received four projects funded by the Lancang-Mekong Cooperation (LMC) Special Fund from 2021 to 2023, an official from the ministry told Xinhua on Wednesday.
He said the ministry has completed the Establishment of Tourism Research Center Project with LMC fund 2021 and is working on three new projects.
These ongoing three projects are the Establishment of Bakery and Pastry Training Project in Yangon with LMC fund 2022, the Center for Tourism Development Project in Kengtung Township of Shan State, and the Making Tourism More Sustainable on Cultural Heritage Destination in Post Pandemic Project in Bagan with LMC fund 2023, he added.
The LMC-funded projects improve human resources and vocational skills, create jobs, and provide valuable skills for tourism workers, he said.
Photo: A pagoda is pictured in the ancient city of Bagan, Myanmar, Aug. 23, 2024. (Xinhua/Myo Kyaw Soe)